တောင်ကိုရီးယား ရက်ပါအဆိုတော် San-E ဟာဆိုရင် မကြာသေးမီက ချစ်ရတဲ့ ချစ်သူလေးနဲ့ မင်္ဂလာဆောင်လို့သွားခဲ့ပြီပဲဖြစ်ပါတယ်။ 

Google

San-E က မင်္ဂလာဆောင်ကိစ္စနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးတစ်ပုံဝေမျှပေးခဲ့ပါတယ်။

Instagram

 ဓာတ်ပုံလေးထဲမှာ San-E က မင်္ဂလာပွဲ ပုံရိပ်လေးကို ဝေမျှထားပြီး မင်္ဂလာပွဲ တက်ရောက်လာသူတိုင်းနဲ့ မင်္ဂလာပွဲကိုဂုဏ်ပြုပေးခဲ့ကြတဲ့သူတိုင်းကိုကျေးဇူးတင်ထားပါတယ်။  

Facebook

San-E ရဲ့ သတို့သမီးလေးက San-E ထက် ၂ နှစ်ပိုပြီး ငယ်တဲ့သူလို့ သိရပြီး အနုပညာလောကထဲက မဟုတ်တဲ့သူဖြစ်ပါတယ်။ ကောင်မလေးက အနုပညာလောကထဲက မဟုတ်တဲ့သူဆိုပေမယ့် အရမ်းချစ်ဖို့ကောင်းပြီး အနုပညာရှင်ရှုံးတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့သူလေး ဖြစ်ပါတယ်။ 

Facebook

တောင်ကိုရီးယား နာမည်ကြီး ရက်ပါအဆိုတော် San-E က ပြီးခဲ့တဲ့ စက်တက်ဘာလ ၂၄ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂန်းနမ်းမြို့မှာ အနုပညာရှင်မဟုတ်တဲ့ အသက် ၂ နှစ်ပိုပြီးငယ်တဲ့ကောင်မလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။