တောင်ကိုရီးယားမင်းသမီး လီယောင်အေးဟာဆိုရင် သူမရဲ့ မန်နေဂျာနဲ့ ဂျူနီယာ သရုပ်ဆောင်လေးတို့ရဲ့ မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်တွေအားလုံးကို အကုန်လုံး ကျခံပေးခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကိုကာယကံရှင်ကိုယ်တိုင်ဖြစ်တဲ့ Ahn Shin Woo က AM Plaza အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။လီယောင်အေးက ထိပ်တန်းမင်းသမီး တစ်ယောက်ဖြစ်သလို သူမရဲ့ စေတနာကောင်းမှုတွေကလည်း မျက်နှာနဲ့လိုက်ဖက်မှု ရှိလွန်းလှပါတယ်။ 

Google
Google
Google

AM Plaza အစီအစဉ်မှာ Ahn Shin Woo က သူက လေးလသားအရွယ် ကလေးရဲ့ ဖခင်တစ်ယောက် ဖြစ်နေပြီပဲဖြစ်ပါတယ်။ Ahn Shin Woo က အသက်ကြီးမှ လက်ထပ်ခဲ့တဲ့သူဖြစ်ပြီး အသက် ၅၀ အရွယ်ရောက်ခါနီးမှာလက်ထပ်ခဲ့တာဖြစ်ပါတယ်။ Ahn Shin Woo ရဲ့ အမျိုးသမီးက မင်းသမီး လီယောင်အေးရဲ့ မန်နေဂျာ ဖြစ်ပါတယ်။ 

Google

Ahn Shin Woo က လီယောင်အေးနဲ့ အလုပ်အတူတူ တွဲလုပ်စဉ် ကာလမှာ အကူအညီတွေ အများကြီး ရရှိခဲ့ပြီးအဆင်ပြေပြေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

Google

လီယောင်အေးက ဂျူနီယာ သရုပ်ဆောင်လေးဖြစ်တဲ့ Ahn Shin Woo မင်္ဂလာဆောင်ခဲ့စဉ်မှာ မင်္ဂလာ ခန်းမ ငှားရမ်းခနဲ့ မင်္ဂလာစားရိတ်တွေ အားလုံးကို အကုန်အကျခံပေးခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် Ahn Shin Woo က မင်းသမီး လီယောင်အေးကို ကျေးဇူးတင်တဲ့ အနေနဲ့ AM Plaza အစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ 

Google

မင်္ဂလာပွဲကို တာဝန်ယူကျင်းပ ပြုလုပ်ပေးခဲ့ရုံတင်မကဘဲ Ahn Shin Woo ရဲ့ အမျိုးသမီး နေမကောင်းဖြစ်နေစဉ်မှာလည်း လီယောင်အေးက တကယ့် ဆွေမျိုးရင်းချာတစ်ယောက်လိုမျိုး ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံစားရိတ်တွေကို ကူညီပေးခဲ့ရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေကိုပါ ပေးခဲ့တာကြောင့် Ahn Shin Woo တို့အနေနဲ့ အခက်အခဲတွေ အားလုံးကို ကျော်လွှားနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသမီး လီယောင်အေးက ချမ်းသာကြွယ်ဝတဲ့ သူတစ်ယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူကလည်းထိပ်တန်းစာရင်းဝင် သူဌေးကြီးတစ်ယောက်ဖြစ်ပါတယ်။ သူမက ဆင်းရဲသားတွေ ၊ ငွေကြေး အဆင်မပြေဖြစ်နေတဲ့သူတွေကို ကူညီထောက်ပံ့ပေးတတ်တဲ့သူဖြစ်တာကြောင့် အနုပညာ လောကမှာသာမက တောင်ကိုရီးယားနိုင်ငံမှာပါ လူချစ်လူခင် အရမ်းကို ပေါများလွန်းပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။