သဘာဝတရားကြီးရဲ့ အလှတရားတွေက ဘာနဲ့မှ နှိုင်းယှည်လို့ မရဘူးဆိုတာ သင်လက်ခံလား။ လှပပြီး အရောင်အသွေးစုံတဲ့ မြစ်တစ်စင်းကို သင်တွေ့ရင် ပိုပြီးလက်ခံသွားမယ်ဆိုတာ သေချာပါတယ်။ ဒါက ကိုလံဘီယာနိုင်ငံ ၊ La Macarena မှာရှိတဲ့ Caño Cristales လို့ခေါ်တဲ့ အံ့ဖွယ်မြစ်တစ်စင်းပါ။ လူအများကြားမှာတော့ “သက်တန့်” အရည်ပျော်ပြီး စီးဆင်းနေတဲ့ မြစ်လို့လည်း ရေပန်းစားပါတယ်။

Photo Credit – From Google
Photo Credit – From Google

ဘာကြောင့်လဲဆိုတော့ ဒီမြစ်မှာ သဘာဝက ပေးတဲ့  အရောင် ၅ မျိုးနှင့် အလှဆင်ထားလို့ပါပဲ ။ အလွန်တောက်ပတဲ့ အစိမ်းရောင် ၊ အဝါရောင် ၊အနီရောင်နှင့် ခမ်းရောင်များက ရေပေါ်မူတည်ပြီး တသွင်သွင်စီးဆင်းနေသလို လှပစွာမြင်တွေ့ရမှာပါ။ တစ်ခါတစ်ရံမှာ မြစ်က ပန်းရောင် နှင့် လိမ္မော်ရောင် အဆင်းဖြင့် မှော်ဆန်ဆန်ရှိနေတတ်ပါတယ်။

Photo Credit – From Google
Photo Credit – From Google

Algae World News ရဲ့ အဆိုအရ အဲ့အရောင်တွေက ရေညှိနှင့်မတူတဲ့ ရေနေအပင်တစ်မျိုးဖြစ်တဲ့  macarenia clavigera အပင်ဖြစ်ပါတယ်။ ဒီအပင်တွေရဲ့ သဘောတရားက ရေပမာဏ၊ ရာသီဥတု နှင့် ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီး တောက်ပတဲ့ အရောင်များကွဲပြားသွားတာပါ။ နေသာတဲ့ အချိန်တွေမှာဆိုရင် အပင်တွေရဲ့ အ‌ရောင်က ပိုပြီးလှပါတယ်။ အထူးသဖြင့် အပင်ရဲ့ အရောင်များက ဇူလိုင်လ နှင့် နိုဝင်ဘာလကြားမှာ ပိုပြီးတောက်ပကြပါတယ်။

Photo Credit – From Google
Photo Credit – From Google

ကမ္ဘာလှည့်ခရီးသွားတွေ အတွက်အတော့ ဓာတ်ပုံလှလှလေးရိုက်လို့ ကောင်းမယ့်နေရာလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး မြစ်ရဲ့ အချို့နေရာတွေမှာ လာရောက်လည်ပတ်သူတွေကို ရေကူးခွင့်လည်းပေးထားပါတယ်။ ဒါပေမယ့် အပင်တွေကို ကာကွယ်ဖို့အတွက် တစ်ရက်လျှင် လူ ၂၀၀ လောက်သာ ကန့်သက်ထားပါတယ်။ တကယ့်လို့ သင်နောက်တစ်ကြိမ် အမေရိကကို အလည်အပတ် သွားမယ်ဆိုရင် ရေစိုခံကင်မရာတစ်လုံးယူပြီး သက်တံ မြစ်ကို လက်လွှတ်မခံဘဲ သွားရောက်ဖို့ အကြံပြုပါရစေ။

Photo Credit – From Google
Photo Credit – From Google

သတင်းအရင်းမြစ်: Source - travelandleisure

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။