တောင်ကိုရီးယားမင်းသား ဟွန်ဘင်းဟာဆိုရင် ချစ်စရာကောင်းတဲ့ တောင်ကိုရီးယားမင်းသမီးလေး ဆွန်ရီဂျင်းနဲ့ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့တုန်းက လက်ထပ်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက နာမည်ကြီး အနုပညာရှင် စုံတွဲဖြစ်ပေမယ့် အချင်းချင်း အရမ်းချစ်ကြပြီး တစ်ယောက်အပေါ်လည်းတစ်ယောက် အရမ်းကို နားလည်မှု ရှိကြပါတယ်။ ဟွန်ဘင်းဟာဆိုရင်လည်း မိန်းမကို ချစ်လွန်းတာကြောင့် မိန်းမဖြစ်သူ ဆွန်ရီဂျင်းက မနက်စာ ပြင်ဆင်မပေးရင် မနက်စာမစားဘူးလို့ သိရပါတယ်။ 

Google

ဆွန်ရီဂျင်းက ခင်ပွန်းဖြစ်သူအတွက် ကော်ဖီလေးတွေနဲ့ တွဲဖက်စားစရာ မုန့်လေးတွေကို မနက်ခင်းတိုင်း ပြင်ပေးလေ့ရှိတယ်လို့ သိရပါတယ်။ တစ်ခါတစ်ရံ အလုပ်မအားလို့ မိန်းမဖြစ်သူက ပြင်ဆင်မပေးရင် ဟွန်ဘင်းက မနက်စာ မစားဘဲ ကော်ဖီပဲဖျော် သောက်သွားတယ်လို့ ဆိုပါတယ်။ ဟွန်ဘင်းက ဆွန်ရီဂျင်းနဲ့လက်ထပ်ပြီး ပထမဦးဆုံးရင်သွေးလေးရရှိပိုင်ဆိုင်ခါနီးမှာ “Confidential Assignment 2: International” ဇာတ်လမ်းတွဲနဲ့ပြန်ပြီး ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

အခုလက်ရှိမှာတော့ ဟွန်ဘင်းက “Confidential Assignment 2: International” အတွက် အင်တာဗျူးတွေအဆက်မပျက်တက်ရောက်နေပြီး လက်ရှိ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးလျှက်ရှိပါတယ်။ အခု မနက်စာ အကြောင်းအရာလေးကိုလည်း ဟွန်ဘင်းက အင်တာဗျူးတစ်ခုမှာ ဖြေပေးခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ “Confidential Assignment 2: International” ရဲ့ Seoul Wire ပရိုမိုးရှင်း အင်တာဗျူးမှာ ဟွန်ဘင်းက အမျိုးသမီးဖြစ်သူက စားစရာမပြင်ပေးရင် ကော်ဖီတစ်ခွက်ပဲသောက်ပြီး အလုပ်သွားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟွန်ဘင်းက အဆိုပါ အကြောင်းအရာလေးကို ရယ်မောပြီး ပြောနေခဲ့တာဖြစ်တာကြောင့် မိန်းမ ဖြစ်သူကို တော်တော်လေး ချစ်တဲ့ပုံပေါ်ပါတယ်။ 

Google

အဆိုပါ အကြောင်းအရာလေးက ချက်ချင်းဆိုသလို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ဆွန်ရီဂျင်းကိုခင်ပွန်းဖြစ်သူကို ဂရုစိုက်ပေးတတ်တဲ့ ဇနီးဖြစ်သူဆိုပြီး ပရိသတ်တွေက ချစ်နေကြပါတယ်။ 

Google

ဟွန်ဘင်းကိုလည်းမိန်းမဖြစ်သူကို ချွဲပြီး ဂျီကျတတ်တဲ့ ချစ်တတ်တဲ့ ခင်ပွန်းဖြစ်သူဆိုပြီး ပရိသတ်တွေက ချီးကျူးထားကြပါတယ်။ပြည်သူချစ် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ရဲ့ မင်္ဂလာဦးဘဝ အတွေ့အကြုံလေးကို ချစ်စဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။