ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Davikah ကတော့ P Mark ရုပ်ရှင်ကားနဲ့ မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားသူလေး ဖြစ်ပါတယ်။ သူမရဲ့ ကြည်လင်တောက်ပတဲ့ အသားအရေနဲ့ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေကြားမှာသာမက မိန်းကလေးတွေလည်း အားကျနေရသူလေးပဲ ဖြစ်ပါတယ်။


ဒါဝိလေးကတော့ မကြာသေးမီကမှ တစ်ခါမှမမြင်ဘူးသေးတဲ့ ဆံပင်စတိုင်အသစ်လေးကို ညှပ်ချလိုက်တာပဲ ဖြစ်ပါတယ်။ သူမက ဆံပင်အတိုလေးနဲ့ အီတလီနိုင်ငံမှာကျင်းပခဲ့တဲ့ "Gucci Milan Fashion Week" ကို တက်ရောက်ခဲ့ပါတယ်။ မိန်းကလေးဆန်ဆန် ပိန်ပိန်ပါးပါးလေးနဲ့ အမြဲတမ်းလှပနေတဲ့ သူမက ဒီတစ်ခါမှာတော့ ယောက်ျားလေးစတိုင်နဲ့ အနောက်တိုင်း ဝတ်စုံလေးဝတ်ပြီး တက်ရောက်ခဲ့ပါတယ်။



သူမက အရပ်ရှည်ရှည်နဲ့ စတိုင်အပြည့်ရှိတဲ့သူမို့ Oppa Vibe လို့ နာမည်တွင်သွားသည်ထိကို ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဆံပင်ကေတွေပါပြောင်းထားပြီး ယောကျ်ားလေးစတိုင်ကြီးနဲ့ ရူးခါနေအောင်မိမိုက်နေတဲ့ ဒါဝိလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။




သတင်းအရင်းမြစ်: Mai Davika Hoorne Myanmar Dkc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။