တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် သရုပ်ဆောင်အရမ်းတော်တဲ့သူဖြစ်သလို နာမည်ကြီး အမှတ်တံဆိပ်ပေါင်းများစွာရဲ့ ပဲ့ကိုင်ရှင်မော်ဒယ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဆောင်းဟေကိုက အသက် ၂၀ နှစ်အရွယ်ကတည်းက အနုပညာလှုပ်ရှားမှုကို စတင်လုပ်ခဲ့တာဖြစ်ပါတယ်။ ဆောင်းဟေကို က နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်အပြင် ထူးချွန်တဲ့ အားကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Google 

သူမက အထက်တန်းနဲ့အလယ်တန်းကျောင်းအရွယ်မှာ စကိတ်ပညာကို လေ့လာခဲ့ပြီး ထူးချွန်တဲ့ စကိတ်အားကစားသမားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဆောင်းဟေကို က သူမကိုယ်သူမ သရုပ်ဆောင်တစ်ယောက်အဖြစ် ကွက်တိကြတယ်ဆိုတာကို ရှာတွေ့ပြီးတဲ့နောက်မှာ ဝါသနာပါတဲ့ စကိတ်ပညာကို စွန့်လွှတ်ခဲ့ပြီး အနုပညာလမ်းကြောင်းထက်ဆီကို လျှောက်လှမ်းခဲ့ပါတယ်။ ဆောင်းဟေကိုရဲ့ စကိတ်စီးတဲ့စွမ်းရည်တွေကို ၂၀၀၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့“Triple” ဇာတ်လမ်းတွဲမှာ ကြည့်ရှုနိုင်ပါတယ်။ 

Google
Google

ဆောင်းဟေကိုက အသက် ၄၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်ကွဲတစ်ယောက်ဆိုပေမယ့် သူမရဲ့ ဝင်ငွေကကြောက်ခမန်းလိလိ ကောင်းလွန်းလှပါတယ်။ ၂၀၁၉ ခုနှစ်မှာ အမှတ်တံဆိပ်တစ်ခုကို ဝမ် ၉၀၀ သန်းအထိ ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ CF Queens တွေထဲက တစ်ယောက်ဖြစ်လာခဲ့ပြီးကြော်ငြာ ဗီဒီယို အတိုလေး ရိုက်ရုံနဲ့တင် အမေရိကန်ဒေါ်လာ ၃.၁ သန်းအထိရရှိပါတယ်။

Google
Google

ဆောင်းဟေကို ကြေညာပေးခဲ့တဲ့ မိတ်ကပ် အမှတ်တံဆိပ်တွေက ရောင်းအားအရမ်းကောင်းခဲ့ပြီး တစ်လတည်းနဲ့အခုရေပေါင်းများစွာ ရောင်းခဲ့ရတဲ့အထိကို ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းဟေကို က အင်စတာဂရမ်စာမျက်နှာပေါ်မှာ ပုံလေးတစ်ပုံတင်ရုံနဲ့ကို အမေရိကန်ဒေါ်လာ ၅ သိန်းအထိ ဝင်ငွေရရှိပါတယ်။ ဒါကြောင့် ဆောင်းဟေကိုရဲ့မျက်နှာနဲ့ကိုယ်လုံးတွေက အရမ်းကို အဖိုးထိုက်တန်ပြီး တန်ဖိုးကြီးလွန်းလှပါတယ်။ 

Google
Google

တည်ရှိနေရုံလေးနဲ့ကို တန်ဖိုးရှိနေတဲ့ မမ ဆောင်းဟေကို ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။