တောင်ကိုရီးယားမင်းသား Lee Ki-woo ဟာဆိုရင် အသက် ၄၀ နှစ်အရွယ်မှာ လက်ထပ်သွားခဲ့ပြီပဲဖြစ်ပါတယ်။Lee Ki-woo က မင်းသား Lee Dong-wook ၊ Gong Yoo ၊ Ha Jung-woo ၊ Kang Dong-won ၊ Lee Jin-wook ၊Kim Ji-seok တို့နဲ့ အသက်တူတဲ့မင်းသားဖြစ်ပေမယ့် ဦးဆုံးအနေနဲ့ အရင်ဆုံး လက်ထပ်သွားတာဖြစ်ပါတယ်။ 

Instagram 
Instagram 

တောင်ကိုရီးယားမင်းသား Lee Ki-woo က စက်တင်ဘာလ ၂၄ ရက်နေ့ ၊ အသက် ၄၀ နှစ်အရွယ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Lee Ki-woo က သူ့ဘဝတစ်ခုလုံးမှာ ချစ်ကြိုက်ခဲ့တဲ့ တစ်ယောက်တည်းသောသူကိုပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Lee Ki-woo က ပွဲဦးထွက်ခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကတည်းက ဖြစ်ပါတယ်။ 

Instagram 

Lee Ki-woo က စက်တင်ဘာလ ၂၄ ရက်နေ့က ဂျယ်ဂျူကျွန်းမှာ ရင်းနှီးတဲ့ မိတ်ဆွေ အပေါင်း အသင်းတွေနဲ့မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ Lee Ki-woo ရဲ့ မင်္ဂလာပွဲပုံရိပ်တစ်ပုံက ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေခဲ့ပါတယ်။ 

Instagram 

ဓာတ်ပုံထဲမှာ မင်းသား Lee Ki-woo က မင်္ဂလာပွဲကို ခွေးကလေး Teddy နဲ့အတူ ပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။မင်္ဂလာ ကော်ဇောနီထက်ကို တက်ရောက်လာခဲ့စဉ်မှာလည်း Lee Ki-woo က ခွေးကလေးနဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ Lee Ki-woo က Teddy ကို သူ့ရဲ့ မိသားစုဝင် အစစ်လိုမျိုး ဆက်ဆံခဲ့တာဖြစ်ပြီး မင်္ဂလာပွဲကိုပါအတူတူ တက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေများစွာက အဆိုပါ ဓာတ်ပုံလေးကို စိတ်ဝင်စားမှု မြင့်တက်နေကြတာဖြစ်ပါတယ်။ 

Instagram 
Instagram 

Lee Ki-woo ရဲ့ အမျိုးသမီး ဖြစ်သူက သူ့ထက် ငယ်ရွယ်ပြီး မျက်နှာလေး ချောသလို စိတ်ရင်းစေတနာလေးလည်းကောင်းမွန်လွန်းလှတဲ့ သူလေး ဖြစ်တယ်လို့သိရပါတယ်။ တောင်ကိုရီးယားမင်းသား Lee Ki-woo က သူ့ရဲ့ခွေးကလေး Teddy ကို အရမ်းချစ်ပြီး ချစ်သူလေးကိုလည်း သူ့ကို နားလည်ပေးနိုင်မယ့်သူလေးကိုသာ ရွေးချယ်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။