ရေခဲခေတ်က မျိုးသုဥ်းပျောက်ကွယ်သွားတဲ့ အမွှေးထူထူ ဆင်ကြီးတွေရဲ့ ရုပ်ကြွင်းတွေကို ဆယ်စုနှစ်နှောင်းပိုင်းမှာ ပြန်လည်တူဖော်တွေ့ရှိတာတွေက  ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။ အနောက်တိုင်းမှာတော့ ဒီဆင်တွေကို мᴀммoтн လို့ ခေါ်ကြပြီး မျိုးသုဥ်းပျောက်ကွယ်သွားတဲ့ ဆင်မျိုးစိတ်တွေထဲမှာတော့ အထင်းရှားဆုံးလို့ ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့  ရှည်လျားတဲ့ အမွှေး ၊ ကြီးမားတဲ့ ခန္ဓာကိုယ် နှင့် အံ့အားသင့်စရာ အစွယ်ကြီးတွေကြောင့် လူသိများခဲ့တာပါ။

Photo Credit – From Google

 အမေရိကန်ပြည်ထောင်စု မီရှိဂန်ပြည်နယ်မှာ мᴀммoтн ဆင်တစ်ကောင်ရဲ့ ရုပ်ကြွင်း တွေ့ရှိခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက ဒေသခံလယ်သမား တစ်ဦးဟာ လယ်ကွင်းထဲမှာ ရေကန်လုပ်ဖို့ ဆိုပြီး တွင်းတူးဖော်ရာကနေ အနက် (၈ ပေ ) လောက်အရောက်မှာ ထူးခြားတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ပထမကတော့ အဲ့ဒီအရာက သစ်သားချောင်း (သို့မဟုတ်) သစ်လုံးလို့ သူထင်ခဲ့တာပါ။ နောက်ပိုင်းမှာ တူးရင်းတူးရင်း တိရစ္ဆာန်တစ်ကောင်ရဲ့ ရုပ်ကြွင်းမှန်းသိလိုက်ရပါတယ်။

Photo Credit – From Google
Photo Credit – From Google

ရှေးဟောင်းသုတေသနပညာရှင်တွေက လယ်သမားရဲ့ သတင်းပို့ချက်အရ လာရောက်စစ်ဆေးကြည့်တဲ့အခါ အဆိုပါ အရိုးစုဟာ ရေခဲခေတ်က မျိုးသုဥ်းပျောက်ကွယ်သွားတဲ့ мᴀммoтн ဆင်တစ်ကောင်ရဲ့ အရိုးစုဖြစ်နေတာ တွေ့ရပါတယ်။ ပညာရှင်များကတော့ အရိုးစုဟာ နှစ်ပေါင်း ထောင်နဲ့ချီ ရှိနေပြီလို့ ဆိုပါတယ်။

Photo Credit – From Google

အရင်က အဲ့ဒီနေရာဒေသဟာ мᴀммoтн ဆင်တွေ နှစ်ပေါင်းကြာရှည် ကျက်စားခဲ့ရာ  နေရာဖြစ်မယ်ဆိုတာ ဒီအရိုးစုတွေ့ရှိခဲ့တဲ့ အပေါ်မှန်းဆလို့ရပါတယ်။ တူး ဖော်လိုက်တဲ့ အချိန်မှာတော့ အရိုးစုက မပြည့်စုံပါဘူး ။ ကြီးမားပြီး ရှည်လျားတဲ့ အစွယ် နှစ်ချောင်းပါတဲ့ ဦးခေါင်းခွံပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အစွယ်ကြီးနှစ်ချောင်းကို ကြည့်ရင် мᴀммoтн ဆင်တွေ ဘယ်လောက်ထိကြီးမားလည်းဆိုတာ သိနိုင်ပါတယ်။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - us.pahilopahilonews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။