ပက်ကျိဟာ ကမ္ဘာပေါ်က အနှေးဆုံး တိရစ္ဆာန်တွေထဲက တစ်ကောင်ဖြစ်ပါတယ်။ သူတို့ဟာ ခရုတွေနဲ့တော့ဆင်ပေမယ့် အခွံတော့မပါပါဘူး။ သူတို့ရဲ့ ထူးဆန်းတဲ့အရာကတော့ သူတို့ရဲ့နှာခေါင်းပါပဲ။ တချို့က နှာခေါင်းလေးခုတောင်ရှိတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ပက်ကျိတွေမှာ နှာခေါင်းနှစ်ခုရှိပါတယ်။ ခေါင်းပေါ်မှာ တစ်ခုနဲ့ အမြီးမှာ တစ်ခုရှိပြီး ခေါင်းပေါ်ရှိ နှာခေါင်းကို‌တော့ အနံ့ခံဖို့ အသုံးပြုကြပြီး အမြီးပေါ်ရှိ နှာခေါင်းကိုတော့ အသက်ရှူရဖို့အတွက် အသုံးပြုပါတယ်။

ပက်ကျိ‌တွေဟာ သူတို့ရဲ့ နှာခေါင်းနှစ်ဖက်လုံးကို အနံ့ခံဖို့နဲ့ အသက်ရှုဖို့ အသုံးပြုတတ်ကြကာ သူတို့ရဲ့ မျက်လုံးများနဲ့‌တောင် အနံ့ခံနိုင်ပါတယ်။ ဒါဟာ ပက်ကျိများကို အစာရှာနိုင်စေပြီး သားကောင်များကို ရှောင်ရှားဖို့ ကူညီပေးပါတယ်။ ပက်ကျိများဟာ လူတွေလို အရောင်နဲ့ ပုံသဏ္ဌာန် မခွဲခြားနိုင်ပေမယ့်လည်း သူတို့က တောက်ပတဲ့ အရောင်နှင့် အမှောင်ကို ခွဲခြားနိုင်ပါတယ်။ ပက်ကျိရဲ့မျက်လုံးများဟာ အပြည့်အဝ ဖွံ့ဖြိုးနေပေမယ့်လည်း အာရုံစူးစိုက်ဖို့ ခက်ခဲတတ်ပါတယ်။

သူတို့ရဲ့ မျက်လုံးများကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ထိတွေ့မှုမှ ကာကွယ်ဖို့အတွက် မျက်လုံးများကို ချုပ်နိုင်စွမ်းရှိပါတယ်။ သူတို့ကိုထိရင် မျက်လုံးကအထဲဝင်သွားသလိုပေါ့။ ပက်ကျိများနဲ့ ခရုများဟာ လူသားများလို့ နား သို့မဟုတ် နှာခေါင်းများ မပါရှိပေမယ့်လည်း တုန်ခါမှုမှတစ်ဆင့် အနံ့နှင့် ဆူညံသံအချို့ကို သိရှိနိုင်ပါတယ်။ နှာခေါင်းပါပေမယ့် လူတွေလိုမဟုတ်တာမျိုးပါ။ အာရုံခံစားမှုများအတွက် သူတို့ဟာ သူတို့ရဲ့ မျက်လုံး‌များ သို့မဟုတ် မျက်လုံးအောက်ရှိ သေးငယ်တဲ့ အတံနှစ်ခုကို အသုံးပြုပါတယ်။

အရသာနှင့် အထိအတွေ့ကို သိဖို့ ပက်ကျိများဟာ သူတို့ရဲ့ ဒီမျက်လုံးအောက်က အတံများကို အသုံးပြုကြပါတယ်။ ပက်ကျိများဟာ အခြားအင်းဆက်များ သို့မဟုတ် တိရစ္ဆာန်များနှင့် အလွန်ကွာခြားပါတယ်။ ပက်ကျိများနှင့် ခရုများဟာ အနံ့ခံနိုင်စွမ်းကောင်းတဲ့ အာရုံရှိပါတယ်။ တော်တော်ဝေးဝေးက ဘီယာနံ့တွေတောင် ရနိုင်ပါတယ်။ ပက်ကျိများဟာ အနည်းဆုံး ၂၉၅ ပေ (၉၀ မီတာ) အကွာအဝေးက ဘီယာကို ထောက်လှမ်းနိုင်ပြီး ၅၉၀ ပေ (၁၈၀ မီတာ) အထိ အနံခံနိုင်ပါတယ်။ သူတို့ကဘီယာကို ကြိုက်တယ်လို့တော့ မဟုတ်ပဲ ပိုးဖလံလို မီးထဲဝင်တိုးကြတာပါ။

သတင်းအရင်းမြစ်: Kidadl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။