အတွဲတွေအများကြီးထဲကမှ ပျော်ရွှင်အေးချမ်းနေတဲ့ စုံတွဲလေးတွေကို မြင်ရင် အနည်းနဲ့အများတော့ အားကျ ကြည်နူးမိကြမှာပါပဲနော်...

ကိုယ့်လက်ရှိ အချစ်ရေးက အဆင်ပြေနေရင်တောင် ဒီလို အချိန်အကြာကြီးထိမြဲနေတဲ့အတွဲတွေကို မြင်တဲ့အခါ သူတို့ ဘယ်လိုများအချိန်ကြာကြီးထိ အချစ်မပျက်အောင်တွဲနေကြတာလဲလို့ သိချင်နေကြပါလိမ့်မယ်...

တကယ်တော့ အတွဲတိုင်းမှာ ရန်မဖြစ်တဲ့အချိန် စိတ်မဆိုးတဲ့အချိန်ဆိုတာ မရှိပါဘူး။ အနည်းနဲ့အများတော့ ကတောက်ကဆတွေရှိခဲ့ကြပေမယ့် ဒီလိုကတောက်ကဆတွေက အစိုင်အခဲတစ်ခုအထိ ဖြစ်မလာခဲ့ဘူးဆိုရင်သူတို့မြဲနေကြဦးမှာပါပဲ။

ဒီလိုပြဿနာတတ်တိုင်းမှာလည်း နားလည်မှုနဲ့ ကိုယ်ချင်းစာတရားကို‌ ရှေ့တန်းတင်ပြီးသာ ဖြေရှင်းမယ်ဆိုရင် အလွယ်လေးနဲ့ပျက်စီးနိုင်မှာမဟုတ်ပါဘူး။

နောက်ထပ်အရေးကြီးတဲ့ တစ်ခုကတော့ Respect နဲ့ Support ပါပဲ။ လူတွေက ကိုယ်ချစ်တဲ့သူတစ်ယောက်ဆီက လေးစားမှုနဲ့ ထောက်ပံ့မှုကို အနည်းနဲ့အများတော့လိုချင်ကြတာကြီးပါပဲ။ ယောက်ျားမလို့ မိန်းမမလို့ရယ်လို့ ခွဲခြားထားစရာမလိုပဲ ကိုယ်ချစ်လို့တွဲနေတဲ့သူအပေါ်ကို ကောင်းကောင်းကြီး Respect ပေးပြီး သူလိုအပ်နေတဲ့အချိန်မှာ တတ်နိုင်သလောက် ကူညီဖေးမပေးတာက အချစ်တစ်ခုအတွက်တည်မြဲစေတဲ့ လျို့ဝှက်ချက်ကောင်းတစ်ခုပါပဲနော်...

သူ့မှာ ဝင်ငွေနည်းနေတဲ့အခါ ၊ သူမသိအောင်

မုန့်ဖိုးလေး ခိုးပေးလိုက်တာမျိုး ၊

သူ့ကို အမြဲစောင့်ကြည့်ပြီး သူလိုမယ်ထင်တာလေး ဝယ်ပေးလိုက်တာမျိုး ကသိပ်ကိုချစ်ဖို့ကောင်းပါတယ်

ပါပီယွန် ပြောသလိုပေါ့ …

" ဘဝမှာ ကိုယ်ချစ်‌တဲ့ မိန်းကလေး ရဲ့

အထင်ကြီးမှုကို ခံရတာဟာ အလက်ဇန်းဒါး ဂရိ ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်နိုင်ခဲ့တာလောက် နီးနီး  စိတ်ကြီးဝင်စရာကောင်းတယ်မဟုတ်လား " .. တဲ့

 ဒီလိုပါပဲ ကိုယ့်ချစ်သူကို ကိုယ်သာ ယုံကြည်ပေးနေရင် ချစ်သူရဲ့ဘဝက

တိုးတက်ဖို့ အသင့်ဖြစ်နေမှာပါနေ်

ဆိုတော့ အခုရော ဒီလိုအချစ်ရေးမျိုး ပိုင်ဆိုင်နေရပြီလားဆိုတော ပြန်သုံးသပ်ရင်း လက်ရှိအချစ်ရေးကို အကောင်းဆုံးတည်ဆောက်နိုင်ကြပါစေ…

Source from sl

Photos credit from Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။