အမေရိကန်ပြည်ထောင်စု ၊ Wisconsin ပြည်နယ်မှာ နှစ်ပေါင်း ၁၀၀၀ ချီးတဲ့ ရှေးဟောင်း ကနူးလှေအပိုင်းအစတွေကို တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရှေးကျတဲ့ ကနူးလှေကို ရေကန်တစ်ခုကနေ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး သက်သမ်းအားဖြင့် နှစ်ပေါင်း ၃၀၀၀ ရှိတယ်လို့ သမိုင်းပညာရှင်များက ကောက်ချက်ချခဲ့ကြပါတယ်။

Photo Credit - From Google

အဆိုပါ ကနူးလှေဟာ ဘီစီ ၁၀၀၀ လောက်ကတည်းက တည်ရှိခဲ့တာပြီး နှစ် ၁၀၀၀ ခန့်မှာ Great Lakes ဒေသအတွင်း ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ သက်တမ်းအရင့်ဆုံးလို့ ဆိုလို့ရပါတယ်။

Photo Credit - From Google

သက်တမ်းနှစ် ၃၀၀၀ သက်တမ်းရှိ အဲ့ဒီ ကနူးလှေကို အပမ်းဖြေရေငုပ်ရင်း ရေကြောင်း ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit - From Google

ကနူးလှေက ဝက်သစ်ချပင်ဖြူ နဲ့ ထွင်းထုထားတာဖြစ်ပြီး အရှည် ၁၄.၅ ပေခန့်ရှိပါတယ်။ ဒီလှေတွေကို ရှေးလူမျိုးများက ငါးဖမ်းရာမှာ အသုံးပြုခဲ့တာလို့ ဆိုပါတယ်။ ဘာကြောင့်ဆိုတော့ လှေဝမ်းအတွင်းမှာ ငါးဖမ်းရာမှာ အသုံးပြုတဲ့ ပိုက်ကွန်များပါရှိလို့ပါပဲ။ လက်ရှိမှာတော့ အဆိုပါ ကနူးလှေကို သမိုင်းပညာရှင်များက ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Photo Credit - From Google

သတင်းအရင်းမြစ်: Source - CBS NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။