အံ့သြစရာကောင်းပြီး ပြီးပြည့်စုံလွန်တဲ့ သရုပ်ဆောင်မှု စွမ်းရည်တွေကြောင့် လူသိများတဲ့ မင်းသား Lee Byung-hun နဲ့ ဒေဝူးအဖွဲ့ ဥက္ကဌဟောင်း Kim Woo-joong တို့ကြားက ဆက်ဆံရေးကို လူတော်တော်များများက မသိကြပါဘူး။ Channel A ရဲ့ “Rumor Has It” အစီအစဉ်မှာ ဖော်ပြခဲ့တဲ့ အချက်အလတ်တွေအရ ၁၉၉၅ ခုနှစ်တုန်းက Lee Byung-hun ဟာ ဒေဝူးအုပ်စုရဲ့ ဥက္ကဌ ကြီး Kim Woo-joong ရဲ့ မွေးစားသား ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးသားက ထူးခြားတဲ့ ဆက်ဆံရေးရှိကြပေမယ့် နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ဘယ်သူမှ မသိထားကြပါဘူး။

ဒေဝူးအုပ်စု ဥက္ကဌဟောင်း Kim Woo-joong နဲ့ မစ္စ Jung Hee-ja တို့မှာ သား ၃ ဦးနဲ့ သမီး ၁ ဦး သွေးသားရင်း ရှိထားပြီးပေမယ့် သားအကြီးဆုံးဖြစ်သူ Kim Seon-jae က အသက် ၂၄ နှစ်အရွယ်မှာ ကားမတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ ဥက္ကဌဟောင်း Kim Woo-joong နဲ့ သူ့ဇနီး Jung Hee-ja တို့ဟာ သူတိုရဲ့သားလေး ရုတ်တရက်သေဆုံးသွားခဲ့ရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။ မိခင်ဖြစ်သူ မစ္စ Jeong Hee-ja ဟာဆိုရင် သားဖြစ်သူကို အောင့်မေ့သတိရလွန်းတာကြောင့် Seon-jae Art Center ကြီးကိုတောင် တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။

သားဖြစ်သူ သေဆုံးပြီး ၄ နှစ်အကြာမှာ မစ္စ Jung Hee-ja က သားဖြစ်သူနဲ့ တူတဲ့ မင်းသား Lee Byung-hun ကို ရုတ်တရက် တီဗီဖန်သားပြင်ပေါ်မှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ Lee Byung-hun ကို တွေ့ပြီးပြီးချင်း ခဏ အကြာမှာပဲ မစ္စ Jung Hee-ja  က ဒေဝူး  အီလက်ထရောနစ် ၊  CF ရဲ့ မော်ဒယ်ဟောင်း Yoo In-chon ကို Lee Byung-hun နဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

Lee Byung-hun က စစချင်းမှာ မွေးစားဖို့တောင်းဆိုတဲ့ အကြံပြုချက်ကို အံ့အားသင့်ခဲ့ရပေမယ့် မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို စာနာမိသောကြောင့် လက်ခံခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ Lee Byung-hun က ဒေဝူး ကား အမှတ်တံဆိပ်အတွက် မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ဒေဝူးကုမ္ပဏီမှာ ဝမ် ၅ ဘီလီယံ ငွေကြေး အရှုပ်အရှင်းတစ်ခု ဖြစ်ပွားခဲ့ပြီး နောက်မှာ Lee Byung-hun က အမေရိကားကို ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ အပြစ်ကြွေးကြောင့် Lee Byung-hun က ဥက္ကဌဟောင်း ဇနီးမောင်နှံကို ဒူးထောက်ပြီး ဦးညွှတ်ကာ တောင်းပန်စကား ဆိုခဲ့တယ်လို့ သိရပါတယ်။

Lee Byung-hun ကသူ ပြုလုပ်ခဲ့တဲ့အပြစ်အတွက် မစ္စJung ကို “ မေမေ .. ကျွန်တော် ကြီးလေးတဲ့ အပြစ်တစ်ခု ကျူးလွန်ခဲ့မိပါတယ်။ ဒုက္ခရောက်စေတဲ့အတွက်တောင်းပန်ပါတယ်။”လို့ ဆိုကာ သေသေချာချာတောင်းပန်ခဲ့ပါတယ်။

တောင်ကိုရီးယားမင်းသား Lee Byung-hun က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ နာတာရှည်ရောဂါကြောင့် ကွယ်လွန်သွားတဲ့ မွေးစားဖခင်ကြီး Kim Woo-joong ရဲ့ အုပ်ဂူကို မကြာခဏ သွားရောက်လေ့ရှိပြီး ခိုင်မြဲတဲ့ ဆက်ဆံရေးကို ဆက်လက် ပျိုးထောင်ထားဆဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။