အခုကြိုက် အခုပျက်တွေများလာတဲ့ ဒီခေတ်ကြီးထဲမှာ လူငယ်တော်တော်များများအတွက် သစ္စာတရားဆိုတာ တော်တော်ကိုရှားပါးနေပါပြီ။ လွယ်လွယ်ပြောရရင် ခြံခုန်တဲ့ ယောကျ်ားတွေ ၊ ခြံခုန်တဲ့ မိန်းမတွေ များလာတဲ့ ဒီလောကကြီးထဲမှာ ဒါဟာ ဆန်းတာမှမဟုတ်တာ ဆိုပြီး သတ်မှတ်ထားတဲ့သူတွေများလာလေလေ ကမ္ဘာကြီးက ပိုပြီးညစ်ညမ်းလာလေလေပါပဲ...

ဆိုတော့ ဒီလို ခြံခုန်သွားတဲ့ သစ္စာဖောက်တွေကို ဘဝမှာ သင်ခန်းစာတစ်ခုခုရသွားအောင်ဖြစ်ဖြစ်နောင်တရသွားအောင်ဖြစ်ဖြစ် အကောင်းဆုံးလက်တုံ့ပြန်နိုင်တဲ့နည်းလေးတွေရှိပါတယ်...

ဒါတွေကတော့

(၁) သူ့ထက်သာတဲ့ဘဝမှာနေထိုင်ပြပါ

ခြံခုန်သွားတဲ့သူတော်တော်များများဟာ အငုံစိတ်ရှိကြပါတယ်။ တစ်ကမ္ဘာ ဆိုင်ရာ တိုင်းတာချက်တွေအရ ခြံခုန်သွားတဲ့သူတွေ တော်တော်များများဟာ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို အတော်မသတ်နိုင်ကြသလို ဆုံးဖြတ်ချက်မပြတ်သားကြတဲ့ လူပျော့လူညံ့တွေပါ။ ဒါကြောင့် ကိုယ်က သူတို့ထက်ပိုပြီးသာလွန်နေတယ်လို့ ခံစားရတဲ့အခါ ကိုယ့်ကို လမ်းခွဲခဲ့မိတာနဲ့ပတ်သတ်ပြီး ‌သူကိုယ်တိုင်နောင်တကြီးကျယ်စွာ ရသွားကြပါလိမ့်မယ်။ နောင်တရတာကို ထုတ်မပြဘူးဆိုရင်တော့ အနည်းနဲ့အများတော့ ခံစားရမှာချည်းပါပဲနော်...

(၂) ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေ ဆီမှာပျော်ပါ

ကိုယ့်တန်ဖိုးကိုနားလည်ပေးနိုင်တဲ့သူတွေလောကကြီးမှာ အများကြီးပါ။ ဒီလို Toxic ‌ဆန်တဲ့သူတွေနဲ့ ဝေးကွာသွားတဲ့အခါ ကိုယ့်တန်ဖိုးကိုနားလည်တဲ့သူတွေအနားမှာ ပျော်ရွှင်စွာနေပြတာကလည်း အကောင်းဆုံးလက်စားချေခြင်းတစ်မျိုးပါပဲ။

(၃) ကျေးဇူးတင်ကြောင်းဖော်ပြပါ

ဒီလို မကောင်းတဲ့ သူနဲ့ကိုယ့်ဘဝမှာ ရေစက်ပြတ်သွားတာဟာ သိပ်ကိုကျေးဇူးတင်စရာကောင်းကြောင်း ဖော်ပြပေးပါ။ လူတွေရဲ့ Psycho ကိုက လွတ်တဲ့ငါးက ပိုကြီး ဆိုတဲ့ သဘောမလို့ သူနဲ့ပြတ်သွားမှ အဆင်ပြေနေတဲ့မင်းကို ပိုပြီးတန်ဖိုးထား လိုချင်လာကြမှာအမှန်ပါပဲနော်...

တခါတလေမှာ ကိုယ့်အတွက်အရေးမပါတဲ့သူတွေကို လက်စားချေဖို့မလိုပါဘူး... ကိုယ်သာ အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး နေထိုင်သွားမယ်ဆိုရင် ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူတွေကို အော်တိုလေး လက်စားချေရာရောက်ပါတယ်နော်...

ကဲ အားလုံးပဲလှလှပပလေး လက်စားချေနိုင်ကြပါစေ

Source from sl

Photos credit from Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။