တောင်ကိုရီးယားမင်းသား Lee Ki Woo ဟာဆိုရင် စက်တင်ဘာလ ၂၄ ရက်နေ့မှာ မင်္ဂလာဆောင်သွားပြီပဲဖြစ်ပါတယ်။ Lee Ki Woo က မင်္ဂလာဆောင်သွားပြီဖြစ်တဲ့အကြောင်းကို သူ့ရဲ့အင်စတာဂရမ်စတိုရီပေါ်မှာ D-Day ဆိုတဲ့စာသားလေးနဲ့ တင်ပေးလာတာဖြစ်ပါတယ်။ 

Google 

Lee Ki Woo က စက်တင်ဘာလ ၂၄ ရက်နေ့မှာ မင်္ဂလာဆောင်မယ့်အကြောင်းကို ဩဂုတ်လ ၂၃ ရက်နေ့ကတည်းက ကြေညာခဲ့တာဖြစ်ပါတယ်။ Lee Ki Woo ရဲ့ ကောင်မလေးက Lee Ki Woo ထက်အသက်ငယ်ပြီးအနုပညာလောကထဲကမဟုတ်တဲ့သူဖြစ်တယ်ဆိုတာကလွဲလို့ အခြားအကြောင်းအရင်းကို မသိရှိရသေးပါဘူး။ 

Google 
Google 

ဒီကနေ့မှာတော့ Lee Ki Woo က မင်္ဂလာဆောင်သွားပြီဖြစ်တဲ့အကြောင်းကို အင်စတာဂရမ်စာမျက်နှာပေါ်မှာပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ 

Google 
Google 
Google 

တောင်ကိုရီးယားမင်းသား Lee Ki Woo က ၂၀၀၃ ခုနှစ်မှာ “The Classic” ဆိုတဲ့ ဇာတ်ကားနဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ Lee Ki Woo က မကြာသေးမီကလည်း The Librarian Note ဇာတ်လမ်းမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။