တောင်ကိုရီးယားမင်းသမီး Lee Jeong Hoo ဟာဆိုရင် ၁၉၈၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး နန်းတွင်းဇာတ်လမ်းပေါင်းများစွာမှာ ပါဝင် ဖူးတဲ့ ကလေး သရုပ်ဆောင်လေးဖြစ်ပါတယ်။ Lee Jeong Hoo က သန့်စင်ကြည်လင်တဲ့အလှတရားကို ပိုင်ဆိုင်ခဲ့တဲ့သူဖြစ်တာကြောင့် ၉၀ ပြည့်နှစ်တွေတုန်းက လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ကလေး သရုပ်ဆောင်လေး ဖြစ်ခဲ့ပါတယ်။ 

Google

Lee Jeong Hoo က West Palace  ဇာတ်လမ်းတွဲမှာ ချန်ဂင်လို့ လူသိများတဲ့ နာမည်ကြီးမင်းသမီး လီယောင်အေးရဲ့ ငယ်ဘဝ အဖြစ်လည်း ပါဝင်သရုပ်ဆောင်ခဲ့ရဖူးပါတယ်။ 

Google
Google

Lee Jeong Hoo က ၁၉၉၁ ခုနှစ်နဲ့ ၁၉၉၄ ခုနှစ်တွေမှာ အကောင်းဆုံး ကလေးသရုပ်ဆောင် ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပြီး လူအများရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။ 

Google

ကလေးဘဝတုန်းက အောင်မြင်မှုတွေရရှိခဲ့တဲ့ Lee Jeong Hoo ဟာ အသက်အရွယ် ရလာတဲ့အချိန်မှာ ကလေးသရုပ်ဆောင် ဇာတ်ကောင်နဲ့ မလိုက်ဖက်တော့တာကြောင့် ဇာတ်ကောင်နေရာပျောက်ခဲ့ရပါတယ်။ 

Google

Lee Jeong Hoo ဟာ ကလေးသရုပ်ဆောင်အဖြစ်နာမည်ကြီးတဲ့သူဖြစ်တာကြောင့် တစ်ပတ်ကို ကျောင်း ၂ ရက် ၃ရက်လောက်တက်ဖို့တောင် သူမအတွက် တော်တော်လေး ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ 

Google

Lee Jeong Hoo ကို လူတွေက မြင်ဖူးနေကြတာကြောင့် ဘယ်သူမှ သူမကို အပေါင်းအသင်းမလုပ်သလို ခေါ်ပြီးလည်း မကစားကြဘူးလို့ ဆိုပါတယ်။ ကလေးတုန်းက သရုပ်ဆောင်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့တဲ့အတွက် Lee Jeong Hoo မှာ ကလေးဘဝ အမှတ်တရဆိုတာလည်း ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ 

Google

Lee Jeong Hoo က Drama City: Shi Eun & Soo Ha  ဇာတ်လမ်းတွဲမှာ ပထမဦးဆုံး အဓိကဇာတ်ကောင်ဖြစ်ခဲ့ပြီး၂၀၀၆ ခုနှစ်မှာ Goodbye, Solo ဇာတ်လမ်းမှာ အရံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီးLee Jeong Hoo က ဇာတ်ကားရိုက်ကူးမှုတွေအားလုံးကနေ အနားယူခဲ့ပါတယ်။ 

Google

Lee Jeong Hoo ဟာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူမရဲ့ငယ်ဘဝကအောင်မြင်မှုတွေကို မကျော်နိုင်ခဲ့ပါဘူး။ဒါကြောင့် Lee Jeong Hoo ဟာ အနုပညာလှုပ်ရှားမှုတွေကနေ ရပ်နားခဲ့ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ 

Google

ကံဆိုစွာနဲ့ပဲLee Jeong Hoo က ၂၀၁၆ ခုနှစ်မှာ ကင်ဆာရောဂါခံစားနေရတာကိုသိရှိခဲ့ရပါတယ်။ Lee Jeong Hoo ဟာကင်ဆာရောဂါကို အနိုင်မယူနိုင်ခဲ့ဘဲ အသက် ၃၀ နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ရပါတယ်။ ကလေး သရုပ်ဆောင်အဖြစ်နဲ့ပဲ လူသိများခဲ့တဲ့ Lee Jeong Hoo ဟာ ကွယ်လွန်သွားချိန်မှာလည်း သူမကို ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး။ Lee Jeong Hoo ဟာ ၂၀၁၆ ခုနှစ်မှာဆုံးပါးသွားခဲ့တာကြောင့် အခုဆိုရင်ကွယ်လွန်သွားတာ ၆ နှစ်တိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။