တောင်ကိုရီးယားမင်းသမီး ဟန်ဂျီဟေးဟာဆိုရင် တစ်ခေတ်တစ်ခါ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေဖြစ်တဲ့ Cloud Stairs ၊ Sweet 18 ၊ May Queen စတဲ့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 
Google 

ဟန်ဂျီဟေးက ၂၀၁၈ - ၂၀၁၉ ခုနှစ်လောက်ကတည်းက အနုပညာ လှုပ်ရှားမှုတွေ တော်တော်များများကနေ ပျောက်ကွယ်သွားခဲ့တဲ့ မင်းသမီးဖြစ်ပါတယ်။ သူမက အနုပညာ လောကက မဟုတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဟန်ဂျီဟေးက လက်ထက်ပြီးနောက်ပိုင်းက စပြီး မိသားစုအတွက်အချိန်ပေးနေတာကြောင့် အနုပညာ လှုပ်ရှားမှုတွေ သိပ်ပြီး မလုပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။ 

Google 
Google 
Google 

ရယ်လိုက်ရင် ရင်ထဲကို အေးမြသွားတဲ့ မင်းသမီး ဟန်ဂျီဟေးက သူမရဲ့ သမီးဦးလေးကို ၂၀၂၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူမရဲ့ အချိန်တွေ အားလုံးကို သမီးလေးကို ပေးထားတဲ့ မိခင်ဖြစ်ပါတယ်။ သမီးလေးကို မျက်စိအောက်ကအပျောက်မခံတဲ့ မေမေ ဟန်ဂျီဟေး က ထိန်းပေးမယ့် နှစ်ဖက်မိဘတွေ ၊ အကူတွေ များစွာ ရှိပါလျက် သူမကိုယ်တိုင်ပဲ ရအောင်ထိန်းပါတယ်။ 

Instagram 

ဒါကြောင့် ဟန်ဂျီဟေး ဘယ်နေရာသွားသွား သူမရဲ့ သမီးလေးကို ပါ ပူးတွဲတွေ့ရပါတယ်။ 

Instagram 
Instagram 
Instagram 
Instagram 

စျေးဝယ်တာက အစသမီးလေးကို အပါခေါ်သွားတတ်တဲ့ ဟန်ဂျီဟေး က သူမနဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိပါတယ်။ 

Instagram 
Instagram 

အနေနီးတာကြောင့်လား မပြောတတ်ပေမယ့် ဟန်ဂျီဟေး ရဲ့သမီးလေးကလည်း အမေနဲ့ ရုပ်ချင်း တော်တော် တူပါတယ်။ လက်ရှိမှာ ဟန်ဂျီဟေး ကအနုပညာ လှုပ်ရှားမှုတွေ အားလုံးကို ရပ်နားထားပြီး သမီးလေးကိုသာ အချိန်တွေ ပြည့်ဝစွာ ပေးနေပါတယ်။

Instagram 
Instagram 

မင်းသမီးတွေထဲမှာ အခုလိုမျိုး သားသမီးကို အချိန်ပြည့်စောင့်ရှောက်တတ်တဲ့ ကိစ္စက ကြုံထောင့်ကြုံခဲ ကိစ္စကြီးဖြစ်တာကြောင့် တောင်ကိုရီးယား မင်းသမီး ဟန်ဂျီဟေး ရဲ့ အကြောင်းကို ချစ်စဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်နော်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။