တောင်ကိုရီးယားမင်းသမီး Shin Da Eun နဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူ ဒီဇိုင်နာ Im Sung Bin တို့က အရက်မူးပြီးကားမောင်းတဲ့ ပြဿနာဖြစ်ပြီးနောက် ၇ လကြာပျောက်ပြီးနောက်မှာ လက်ရှိပုံရိပ်လေးတင်ပေးလာခဲ့ပါတယ်။ 

Google
Google

ဓာတ်ပုံထဲမှာ Shin Da Eun က မင်းသမီး Ki Eun Se ရဲ့ ၁၀ ကြိမ်မြောက်မင်္ဂလာနှစ်ပတ်လည်အတွက် ဂုဏ်ပြုပေးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ 

Instagram

အင်စတာဂရမ် စတိုရီပေါ်မှာလည်း Shin Da Eun က သူမ အမျိုးသားလို့ ယူဆရတဲ့သူနဲ့ လက်ချင်းတွဲရိုက်ထားတဲ့ဓာတ်ပုံလေး တင်ပေးထားပါတယ်။ 

Instagram

တောင်ကိုရီးယားမင်းသမီး Shin Da Eun ရဲ့ ခင်ပွန်းဖြစ်သူ Im Sung-bin က ဖေဖော်ဝါရီလတုန်းက ဆိုလ်းမြို့ ၊(Yeoksam-dong၊ Gangnam-gu) ၊ ၈ လမ်းမောင်းလမ်းမကြီးပေါ်မှာ ကားမောင်းနေရင်း ဆိုင်ကယ်နဲ့ တိုက်မိမှု ဖြစ်ပွါးခဲ့ပါတယ်။ ယာဉ်မောင်း Im Sung-bin ကို စစ်ဆေးကြည့်တဲ့အချိန်မှာ အရက်သောက်ထားတာကို တွေ့ခဲ့ရတာကြောင့် ၂ မီလီယံဝမ် လျော်ကြေးပေးဆောင်ခဲ့ရပါတယ်။ မတော်တဆမှု ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့လည်း Im Sung-bin  က သေသေချာချာလေးတောင်းပန်ခဲ့ပါတယ်။ 

Google
Google
Google

မင်းသမီး Shin Da Eun ကလည်း ခင်ပွန်းဖြစ်သူအမှုဖြစ်ပြီးနောက်မှာ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ခဲ့ပါတယ်။ လူမြင်ကွင်းကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တဲ့ Shin Da Eun  တို့ စုံတွဲရဲ့ လက်ရှိပုံရိပ်ကိုပြန်လည်မြင်တွေ့ခဲ့ရလို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုဟာလည်း မြင့်တက်နေခဲ့ပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Shin Da Eun နဲ့ ခင်ပွန်းဖြစ်သူ ဒီဇိုင်နာ Im Sung-bin  တို့က ၂၀၁၆ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သားဦးလေးတစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။