Blackpink အဖွဲ့ဝင် Jennie ဟာဆိုရင် ပုံမှန်တွေ့နေကြ ပုံစံမျိုးနဲ့ မဟုတ်ဘဲ တမူထူးခြားတဲ့ ဖက်ရှင်ပုံစံမျိုးနဲ့ အင်ချွန်းလေဆိပ်ကို ရောက်ရှိလာပါတယ်။ 

Google 

Jennie က အင်ချွန်းလေဆိပ်ကိုရောက်ရှိခဲ့စဉ်က မျက်နှာတစ်ပြင်လုံးကို ဖုံးအုပ်ထားပြီး အသားအရောင်လေး တစ်ခုကိုတောင် မမြင်တွေ့ရပါဘူး။ Jennie က အင်ချွန်းလေဆိပ်ကို BLACKPINK အဖွဲ့ရဲ့ ယူအက်စ် အချိန်စာရင်းတစ်ခုကြောင့် သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Google 

 ဒီတစ်ခေါက် Jennie ရဲ့ ဖက်ရှင်က ပုံမှန်တွေ့နေကြပုံစံမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်း သာမန်ဝတ်စုံ ပုံစံလေးဖြစ်ပြီး မျက်နှာကိုလည်း မမြင်တွေ့ရပါဘူး။ Jennie က ဦးထုပ်လေးဆောင်းထားပြီး ၊ တီရှပ်အင်္ကျီလေးကို စကပ်အရှည်လေးနဲ့ ဝတ်ထားပါတယ်။ ဝတ်စုံလေးရဲ့ ဒီဇိုင်းက လှလှပပမျိုးဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါးဘက်ကို ပိုပြီးရောက်နေပါတယ်။ 

Google 

Jennie က အင်ချွန်းလေဆိပ်ကို ပုံရိပ်က လတ်တလော မှာ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အင်ချွန်းလေဆိပ်ဓာတ်ပုံက Jennie တစ်ယောက် နေများကောင်းရဲ့လား ၊ အလုပ်တွေကြောင့်များ ပင်ပန်းနေတာလား ၊ကောင်မလေး တစ်ခုခုများဖြစ်နေတာလားဆိုတဲ့ မှတ်ချက်တွေ ရရှိနေပါတယ်။ 

Google 

မကြာသေးမီကလည်း Jennie ကိုကောလာဟလတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်ကနေ ကာကွယ်မပေးဘူးလို့ဆိုကာ အင်တာတိန်းမန့်ဘက်ကိုပရိသတ်တွေက တိုင်ကြားစာတွေ ပို့ထားပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။