တောင်ကိုရီးယား အဆိုတော် သရုပ်ဆောင် Jung Joong Ji ဟာဆိုရင် ‘Prison’ နဲ့ ‘The Essence of Love’ ပြဇာတ်တွေမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ သူဖြစ်ပါတယ်။ Jung Joong Ji က ၂၀၁၇ ခုနှစ်မှာ Mnet ရဲ့ ‘Produce 101’ အစီအစဉ်မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဆင့် ၆၄ နေရာမှာ မဲအရည်အတွက် ၈၆၈၆၄ ခုနဲ့ ထွက်ခွာသွားခဲ့ရပါတယ်။ 

Google 
Google 

Jung Joong Ji က ကြိုးစားခဲ့လူငယ်လေးတစ်ယောက်ဆိုပေမယ့်လည်း သူ့ရဲ့ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ရပါတယ်။ Jung Joong Ji က ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်ပြီး သေဆုံးသွားပြီဖြစ်တဲ့အကြောင်းကို မိခင်ကြီးက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ 

Google 
Google 
Google 

Jung Joong Ji ရဲ့ မိခင်ကြီးက သူမက Jung Joong Ji ရဲ့ မိခင်ဖြစ်ကြောင်း ၊ သူမရဲ့ သားဖြစ်သူက အဆုံးစီရင်သွားခဲ့ပြီဖြစ်ကြောင်း သူမရဲ့ ခံစားချက်တွေကို ဘယ်လိုမျိုး ဖော်ပြရမလဲဆိုတာမသိကြောင်း ပြောခဲ့ပါတယ်။ Jung Joong Ji ရဲ့ မိခင်ကြီးအဆိုအရ  Jung Joong Ji က အသက် ၃၀ နှစ်ပြည့်ဖို့ ၄ ရက်အလို မှာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google 
Google 

ချောမောလှပပြီး ငယ်ရွယ်တဲ့ သားလေး ဆုံးပါးသွားခဲ့ရတာအတွက် Jung Joong Ji ရဲ့ မိခင်ကြီးက ဖြေမဆည်နိုင်အောင် စိတ်မကောင်းခဲ့ရပြီး စကားလုံးတွေနဲ့တောင် ဖော်မပြနိုင် ဖြစ်ခဲ့ပါတယ်။

Google 

Jung Joong Ji က လူကောင်းတစ်ယောက်ပုံစံမျိုးဆိုပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာ ကြီးမားလှတဲ့ စိတ်ဓာတ်ကျမှုပြီးတစ်ခု ရှိနေခဲ့တာကို ဘယ်သူကမှ မသိခဲ့ကြပါဘူး။ Jung Joong Ji စက်တင်ဘာလ ၉ ရက်နေ့မှာ လူ့လောကကနေ ထွက်ခွာသွားခဲ့ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။