စွန်ပလွန်သီး(ခေါ်) Date Palm ဟာ အရသာရှိတဲ့အပြင် လူသားတွေအတွက် ထူးထူးခြားခြားကျန်းမာရေး အကျိုးဇူးများရရှိစေတဲ့ အသီးဖြစ်ပါတယ်။ အချို့သောသူများက စွန်ပလွန်သီးကို အစိမ်းလတ်လတ်ဆတ်ဆတ် စာကြသလို အချို့က ယိုထိုးပြီး စားသောက်ကြပါတယ်။ အများအားဖြင့် ရောင်းချသူများကတော့ စွန်ပလွန်သီးအစိမ်းတွေကို နေခြောက်လှမ်းပြီးမှသာ ရောင်းချကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စွန်ပလွန်သီး အခြောက်က နှစ်လကြာရှည်အထားခံလို့ပါ။

Photo Credit - From Google
Photo Credit - From Google

စွန်ပလွန်သီးရဲ့ အသားပဲ အကျိုးရှိတာ မဟုတ်ပါဘူး။ သူ့ရဲ့ အဆီ နှင့် အစေ့ကလည်း အလွန်အသုံးဝင်ပါတယ်။ အချို့သော နိုင်ငံတွေမှာတော့ စွန်ပလွန်သီးရဲ့ အစေ့ကို တိရစ္ဆာန်အစာအနေနဲ့ အသုံးပြုကြပြီး အဆီများကိုတော့ အလှကုန်ပစ္စည်းများထုတ်လုပ်ရာမှာ ကုမ္ပဏီများက ယခုနောက်ပိုင်း သုံးစွဲလာကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

စွန်ပလွန်ပင်များကို အပူပိုင်းဒေသတွေမှာပဲ အလျင်အမြန်ကြီးထွားနိုင်ပြီး အပင်ရဲ့အမြင့်ဟာ ပေ ၇၀ ထိမြင့်မားပါတယ်။ အပင်ရဲ့ အရွက်‌ကတော့ ‌အုန်းလက်လိုမျိုး ‌၁၅ ပေမှ ပေ ၂၀ ထိရှည်ပြီ အရိုးတံမှာ  အဆူးများပါရှိပါတယ်။ စွန်ပလွန်သီးရဲ့ ပုံစံ သင်တို့လည်တွေ့ဖူးကြမှာ မသိရင် ဘဲဥပုံသဏ္ဍာန်လိုမျိုး လုံးလုံးရှည်ရှည်လေးဖြစ်ပြီး အရွယ်အစားက အချင်း ၁ လက်မ ၊ အရှည် ၁ လက်မခွဲ ကနေ ၂ လက်မထိရှိတယ်လို့ ထင်ပါတယ်။ 

Photo Credit - From Google
Photo Credit - From Google

အရှေးအလယ်ပိုင်းနိုင်ငံများမှာတော့ အလွန်ရေပန်းစားတဲ့ အသီးတစ်မျိုးလို့ ပြောလို့ရပါတယ်။  ကျွန်တော်တို့ နိုင်ငံမှာတော့ အချို့ နေရာတွေမှာ အလေ့အကျပေါက်ရောက်ပြီး သီးပွင့်ကြတာ‌ကို တွေ့မြင်ရပါတယ်။ မြောက်အာဖရိကနိုင်ငံမှာတော့ ယနေ့အထိ စွန်ပလွန်ကဏ္ဍမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းနေကြပါတယ်။ အီဂျစ်မှာတော့ တရားဝင်စာရင်းဇယားများအရ နှစ်စဉ် တန်ချိန် ၁.၇ သန်းကျော် ထုတ်လုပ်နေပြီး အပင်ပေါင်းမှာ ၁၄ သန်းထိရှိပါတယ်။

Photo Credit - From Google
Photo Credit - From Google

သတင်းအရင်းမြစ်: Source - africainnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။