တောင်ကိုရီးယားမင်းသား Lee Yi Kyung  ဟာဆိုရင် ၂၀၁၁ ခုနှစ်မှာ ပွဲဦးထွက်လာတဲ့သူဖြစ်ပါတယ်။ Lee Yi Kyung  ဟာပွဲဦးထွက်ပြီး ၅ နှစ်အကြာမှာ Descendants of the Sun ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ပြီး နာမည်ကြီးတဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ 

Google 

Descendants of the Sun ဇာတ်လမ်းအပြီးမှာရော မတိုင်ခင်မှာရော Lee Yi Kyung ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေ အများကြီးပဲ ဖြစ်ပါတယ်။ 

Google 

Lee Yi Kyung က School 2013 မှာလည်း ကျောင်းသားဆိုးလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ဇာတ်ရုပ်ကို ဘယ်သူမှ မမှတ်မိခဲ့ကြပါဘူး။ DOTS ဇာတ်လမ်းကသာ သူ့ဘဝအတွက် အမှတ်တရ အဖြစ်ရဆုံး ဇာတ်လမ်းဖြစ်ပါတယ်။ 

Google 

Lee Yi Kyung  က မျက်နှာသရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး အရည်အချင်းရှိတဲ့သူဆိုပေမယ့် သူ့မျက်နှာနဲ့ အတည်ဇာတ်ရုပ်တွေနဲ့ မလိုက်ဖက်ပါဘူး။ 

Google 

Lee Yi Kyung  က Welcome to Waikiki ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာ ပရိတ်သတ်တွေရဲ့အားပေးမှုတွေကို တခဲနက်ရရှိခဲ့ပြန်ပါတယ်။ 

Google 

Lee Yi Kyung က နာမည်မရှိဘဲ အောက်ခြေကနေ စပြီး တက်ခဲ့ရတဲ့မင်းသားဆိုပေမယ့် ကောင်းမွန်တဲ့ ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာကြောင့် သူ့ရဲ့အောင်မြင်မှုဟာတဖြည်းဖြည်းနဲ့ တိုးတက်လာခဲ့ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။