တောင်ကိုရီးယားမင်းသမီးကြီး Na Moon Hee ဟာဆိုရင် တစ်ချိန်တစ်ခါက ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးကြုံတွေ့ရပေမယ့် လက်ရှိအချိန်မှာ အောင်မြင်မှုတွေ အများကြီး ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ 

Google 
Google 

Na Moon Hee က လက်ရှိမှာ အသက် ၈၀ နှစ်အရွယ်ရှိပြီဖြစ်ပြီး “nation’s grandma” အဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ Na Moon Hee က ငယ်ရွယ်စဉ်ကတည်းက ရုပ်ဆိုးလွန်းတာကြောင့် SNS platform တွေများစွာမှာဝေဖန်တိုက်ခိုက်မှုတွေ များစွာ ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Na Moon Hee ရဲ့ ပုံစံက နွေးထွေးပြီး ကြင်နာတက်ပေမယ့်သူမရဲ့ ရုပ်ရည်ကြောင့် ဝေဖန်တိုက်ခိုက်မှုတွေ များစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ 

Google 

Na Moon Hee က သရုပ်ဆောင်ကောင်းတဲ့သူဖြစ်ပေမယ့် သူမရဲ့ မျက်နှာပုံစံက Na Moon Hee ကို များစွာ ထိခိုက်စေခဲ့ပါတယ်။ Na Moon Hee က အသက် ၂၀ အရွယ်မှာ ပွဲဦးထွက်လာခဲ့ပြီး ရုပ်ရည်ချောမောတဲ့သူတစ်ယောက်မဟုတ်တာကြောင့် များစွာ ဝေဖန်ခြင်းခံခဲ့ရပါတယ်။ 

Google 

Na Moon Hee ဟာ ဝေဖန်တိုက်ခိုက်မှုတွေကို ငြင်းပယ်ပြီး သူမကိုယ်သူမ လုပ်နိုင်တယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။ Na Moon Hee ဟာ အသက် ၅၅နှစ်အရွယ်မှသာ လူတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပြီး အောင်မြင်လာခဲ့တာဖြစ်ပါတယ်။

Google 
Google 
Google 

 Na Moon Hee အဓိက ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတွေက အမေခန်းတွေ ဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ 

Google 

တောင်ကိုရီးယားမင်းသမီးကြီး Na Moon Hee ကလက်ရှိမှာ အသက် ၈၀ နှစ်အရွယ် ရှိသွားပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။