တောင်ကိုရီးယားမင်းသား Kang Tae-oh ဟာဆိုရင် Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ Extraordinary Attorney Woo ဇာတ်လမ်းတွဲက Kang Tae-oh မင်းသားအဖြစ်စပြီးပွဲဦးထွက်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အအောင်မြင်ဆုံးဇာတ်လမ်းတွဲလို့လည်းပြောလို့ ရပါတယ်။

Kang Tae-oh ရဲ့ သရုပ်ဆောင်ပိုင်းက ဇာတ်ကောင်နဲ့ လုံးဝကို လိုက်ဖက်မှုရှိနေပြီး ကွက်တိကျလွန်းနေတာကြောင့်လည်း ပရိသတ်တွေက များစွာ အားပေးနေကြတာဖြစ်ပါတယ်။Kang Tae-oh က ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားလာခဲ့တဲ့သူဖြစ်တာကြောင့် အောင်မြင်မှုတွေရရှိနေတဲ့ အချိန်မှာ အလုပ်တွေ ကြိုးစားနေဆဲဖြစ်တဲ့ မိဘနှစ်ပါးကို ပြန်ကြည့်ပြီး ကူညီခဲ့တာဖြစ်ပါတယ်။

Kang Tae-oh ရဲ့ အဖေက ဘက်စ်ကားဒရိုင်ဘာဖြစ်ပြီး သူ့ရဲ့ အမေဖြစ်သူက ချွေးထုတ်ခန်းမှာ အလုပ်လုပ်ပါတယ်။ သားဖြစ်သူက သရုပ်ဆောင်တစ်ယောက်ဆိုပေမယ့်လည်း Kang Tae-oh ရဲ့မိဘတွေကတော့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေကြရတဲ့သူတွေဖြစ်ပါတယ်။

Extraordinary Attorney Woo ဇာတ်လမ်းတွဲက အောင်မြင်မှုတွေ ထိန်းမနိုင်အောင် များစွာရရှိခဲ့တာကြောင့် Kang Tae-oh က သူ့ရဲ့မိဘတွေကို တစ်ခါမှ မပေးဖူးတဲ့ လက်ဆောင်လေး ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလက်ဆောင်လေးက Kang Tae-oh က မိဘတွေရဲ့ အိမ်ကို အသစ် ပြန်လည် မွန်းမံပေးခဲ့ပြီး ချွေးထုတ်ခန်းမှာ အလုပ်လုပ်နေတဲ့ မိခင်ကြီးကိုလည်း အလုပ်နားစေခဲ့တယ်လို့ သိရပါတယ်။

Kang Tae-oh ရဲ့ မိခင်ကြီးက စက်ရုံနဲ့စားသောက်ဆိုင်တွေမှာ လုပ်ခဲ့ရတဲ့သူဖြစ်ပြီး ခါးနာရောဂါလည်း ခံစားနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် Kang Tae-oh က မိခင်ကြီးကို အလုပ်နားစေခဲ့ပြီး ဆေးကုသမှု ခံယူဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ မိခင်ကြီးကို အလုပ်လုပ်တာကနေ အနားယူခိုင်းပေမယ့်လည်း မိခင်ကြီး ကိုယ်တိုင်က အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတာကြောင့် Kang Tae-oh က မိခင်ကြီးကို စားစရိတ် ၊ နေထိုင်စားရိတ်၊ ဆေးကုသစားရိတ်တွေ အားလုံးကို ထောက်ပံ့ပေးမယ်လို့ ကတိပေးပြီးမှ အလုပ်ကနေ အနားယူခိုင်းခဲ့တယ်လို့ သိရပါတယ်။

Kang Tae-oh ဟာ လက်ရှိမှာ Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားတဲ့သူဖြစ်ပါတယ်။ နာမည်ကြီး အောင်မြင်လာတာနဲ့ တစ်ပြိုင်နက် မိဘတွေကို အရင်ဆုံး ပြန်ကြည့်တဲ့ တောင်ကိုရီးယား မင်းသား Kang Tae-oh ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။