တောင်ကိုရီးယား မင်းသမီး So Yi-hyun ဟာဆိုရင် သရုပ်ဆောင် In Gyo Jin နဲ့အတူ ၂၀၁၄ ခုနှစ်တုန်းကလက်ထပ်ထားတာဖြစ်ပါတယ်။ မင်းသမီး So Yi-hyun က ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ပြီးသွားတဲ့နောက်မှာ ချစ်စရာသမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပြီး ဘဝကြီးကို သာယာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။

Google 

သူတို့နှစ်ဦးက Aeja’s Older Sister, Minja” နဲ့ “Happy Ending ဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။  So Yi-hyun က သူမရဲ့ တစ်နေ့တာလှုပ်ရှားမှု ပုံရိပ်လေးတွေ ၊ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်လေးတွေကို အင်စတာဂရမ်စာမျက်နှာပေါ်မှာ အမြဲလိုလို ဝေမျှပေးလေ့ရှိတဲ့သူဖြစ်ပါတယ်။

Google 
Google 
Google 

အခုတစ်ခေါက်မှာလည်း So Yi-hyun က သမီးလေး နှစ်ယောက်နဲ့ အတူတူ ဟန်မြစ်ကြီးဘေးနားမှာ ခုံလေးတွေ ချပြီး ပျော်ပွဲစားထွက်နေတာဖြစ်ပါတယ်။ 

Google 
Google 

So Yi-hyun ရဲ့ သမီးလေးတွေ ပျော်ရွှင်နေကြပြီး အခြား ကလေးအဖော်တွေနဲ့ ဝမ်းသာပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေက ပရိသတ်တွေကိုပါ အပျော်တွေ ကူးစက်သွားစေပြီး ရင်ထဲ အေးချမ်းသွားစေပါတယ်။ So Yi-hyun က သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့အတူတူ ပျော်ပွဲ စားထွက်နေတာ မဟုတ်ဘဲ သူတစ်ယောက်တည်း ကလေးတွေနဲ့အတူတူ ပျော်ရွှင်စရာ အချိန်လေးကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသမီး So Yi-hyun နဲ့ ခင်ပွန်းဖြစ်သူ In Gyo Jin တို့က ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး လက်ရှိမှာ အိမ်ထောင်သက် ၈ နှစ်ကြာသွားခဲ့ပြီပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။