တောင်ကိုရီးယားအဆိုတော် Seo Sa Rang ဟာဆိုရင် ခင်ပွန်းဖြစ်သူဆီကနေ မကြာခဏ ထိုးကြိတ်ခံခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Google 

Seo Sa Rang ရဲ့ ခင်ပွန်းဖြစ်သူက သူမကို မကြာခဏ ထိုးကြိတ်လေ့ရှိပြီး မျက်နှာတစ်ပြင်လုံး ဒဏ်ရာတွေ အပြည့် ဖြစ်သွားတဲ့အထိ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်အလတ်တွေ အားလုံးကို Seo Sa Rang က တရားရုံးမှာ သက်သေအဖြစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။ 

Google 

ဒီအကြောင်းအရာကို စက်တင်ဘာလ ၁၈ ရက်နေ့မှာ Seo Sa Rang က Xports News က နေတဆင့် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Seo Sa Rang က ဒဏ်ရာတွေပြည့်နေတဲ့ ဒဏ်ပုံတွေနဲ့ တကွ ချပြလာတာဖြစ်ပြီး သူမရဲ့ ခင်ပွန်းဖြစ်သူက သူမကို ကလေးချီထားရင်းနဲ့တောင် မျက်နှာကိုလက်သီးနဲ့ထိုးကြောင်း ၊ မျက်နှာကို အကြိမ်ကြိမ်ထိုးကြောင်း ၊ အိမ်သာထဲထိဆွဲခေါ်သွားပြီး ဆံပင်တွေ အကုန် ညှပ်ပစ်လိုက်ကြောင်း ဆိုလာခဲ့ပါတယ်။ 

Google 

သမီးဖြစ်သူအရှေ့မှာလည်း ဓားထုတ်လာပြီး သတ်တော့မယ် ပုံစံလုပ်ကြောင်း ၊ သမီးလေးပါ ဒဏ်ရာရသွားခဲ့ကြောင်း မျက်နှာတစ်ခုလုံး ဒဏ်ရာအပြည့်နဲ့ ရဲသွားတိုင်ပေမယ့် ရဲတွေဘက်က ဘာဖြေရှင်းချက်မှ မပေးခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အကြမ်းဖက်မှုတွေကို မခံနိုင်လွန်းလို့ Seo Sa Rang က အိမ်နားက မိုတယ်မှာ နေခဲ့ရကြောင်း ခင်ပွန်းဖြစ်သူက ရစရာမရှိအောင် အနိုင်ကျင့်နှိပ်စက်ပေမယ့်လည်း ကွာရှင်းမပေးကြောင်း ၊ ခင်ပွန်းဖြစ်သူရဲ့ အမျိုးတွေဆီက လည်း အခြိမ်းခြောက်ခံရကြောင်း ၊  သူတို့တွေက ဒူးထောက်တောင်းပန်ပြီး မကွာရှင်းဖို့အထိ ဒူးထောက်ကာ တောင်းပန်ခဲ့ကြကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ 

Google 
Google 

Seo Sa Rang ရဲ့ ခင်ပွန်းဖြစ်သူက စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ဇနီးဖြစ်သူ ပြောတဲ့ အချက်အလတ်တွေ အားလုံးကို မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

Google 

တောင်ကိုရီးယားအဆိုတော် Seo Sa Rang က ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး နာမည်အရင်းက Kim Yuri ဖြစ်ပါတယ်။ သူမနဲ့ သူမရဲ့ ခင်ပွန်းဖြစ်သူတို့က Tving အစီအစဉ်မှာ ပါဝင်ခဲ့ဖူးခဲ့ကြပါတယ်။သူမရဲ့ သမီးလေးကတော့ ၄ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။