မကြာသေးမီက BLACKPINK အဖွဲ့ဝင် Jennie ရဲ့ လို့ ယူဆရတဲ့ ဓာတ်ပုံတစ်ပုံဟာ ပရိသတ်တွေကြားမှာစိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ ဓာတ်ပုံကို တင်ခဲ့တဲ့သူက ဟက်ကာ Gurumiharibo လို့လူသိများတဲ့သူဖြစ်ပြီးသူက idol တွေရဲ့ ဓာတ်ပုံတွေကိုဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာ BLACKPINK အဖွဲ့ဝင် Jennie ရေချိုးကန်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပါ ပါဝင်နေတာကြောင့် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေ တာဖြစ်ပါတယ်။ 

Google 

ပရိသတ်တွေကတော အဆိုပါ ဓာတ်ပုံထဲက BLACKPINK အဖွဲ့ဝင် Jennie ရဲ့ နားက shape တွေက တကယ့်အစစ်ပုံထက်ကွဲထွက်နေတယ်လို့ဆိုကာ ပုံအတူလို့ သုံးသပ်ထားကြပါတယ်။ 

Google 
Google 

ချစ်ခင်လေးစားရတဲ့ idol တစ်ယောက်ကို အခုလိုမျိုး လုပ်ကြံဖန်တီးခဲ့တဲ့အတွက် ပရိသတ်တွေ တော်တော်များများက အဆိုပါ ဟက်ကာကို ဝိုင်းအပြစ်တင်ထားကြပြီး ဒေါသထွက်နေကြပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး YG အင်တာတိန်းမန့် ဘက်ကတော့ အခုထိ တစ်စုံတစ်ရာ ဖြေရှင်းပေးထားခြင်း မရှိသေးပါဘူး။ 

Google 

အခုနောက်ပိုင်းမှာ BLACKPINK အဖွဲ့ဝင် Jennie ရဲ့ ကောလာဟလ အကြောင်းအရာတွေက ဆက်တိုက်ဆိုသလိုထွက်ရှိနေပါတယ်။ သိပ်မကြာသေးခင်တုန်းကလည်း BLACKPINK အဖွဲ့ဝင် Jennie နဲ့ BTS အဖွဲ့ဝင် Jennie တို့တွဲနေကြတယ်ဆိုတဲ့ ဓာတ်ပုံတွေက ထွက်ရှိလာခဲ့ပါသေးတယ်။ 

Google 

အခုထွက်ရှိလာတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့သတင်း ဌာန ကုမ္ပဏီတွေဘက်က လည်း စုံစမ်းရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

Source - Kbizoom 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။