ပရိသတ်တွေရဲ့ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေထဲမှာ မင်းသမီး ဆုပန်ထွာကလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ဆုပန်ထွာဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်လောက်ကတည်းက လျှောက်လှမ်းခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်များစွာ ထွက်ရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာ ‌ဖြစ်ပါတယ်။

Photo Credit - SuPanHtwar
Photo Credit - SuPanHtwar

သူမရဲ့ တစ်ဦးတည်းသော သားလေး Roar Roar လေးကလည်း မျက်နှာဝိုင်းလေးနဲ့ ချစ်စရာကောင်းပြီး ယခုအခါမှာ လူကြီးလေးတစ်ယောက်လို တဖြည်းဖြည်း အရွယ်ရောက်လာတာ တွေ့ရပါတယ်။ ယခုအခါ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေနဲ့ ဝေးကွာနေတာ ကြာပြီဖြစ်တဲ့ ဆုပန်ထွာဟာ သူမရဲ့ လူမှုကွန်ယက်မှာ ပို့စ်လေးတစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo Credit - SuPanHtwar
Photo Credit - SuPanHtwar

အဆိုပါ ပို့စ်မှာတော့ သူမ ကလေးဘဝတုန်းက အမှတ်တရ ရိုက်ကူးထားတဲ့ ပုံရိပ်တချို့ကို ဖော်ပြလာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေက သူမရဲ့ သားလေး Roar Roar လေးနဲ့ ရုပ်ချင်းတူလားလို့ ပရိသတ်တွေ မေးထားခဲ့ပါသေးတယ်။ ချစ်တဲ့ ပရိသတ်အများစုကတော့ သူမရဲ့ ပို့စ်အောက်မှာ သားလေးနဲ့ တူတယ်ဆိုတဲ့ မှတ်ချက်ကို ပေးထားကြတာ တွေ့ရပါတယ်။ ပရိသတ်တွေရော ဆုပန်ထွာရဲ့ ကလေးဘဝက ပုံလေးတွေက သားလေးနဲ့ တူလားဆိုတာကို ပြောပေးခဲ့ပါဦးနော်...။

Photo Credit - SuPanHtwar
Photo Credit - SuPanHtwar
Photo Credit - SuPanHtwar

သတင်းအရင်းမြစ်: Source - SuPanHtwar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။