တောင်ကိုရီးယားသရုပ်ဆောင် Kim Sung Min ဟာဆိုရင် နာမည်ကြီးပြီးအောင်မြင်မှု ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ Kim Sung Min က ၂၀၁၆ ခုနှစ် ၊ ဇွန်လ ၂၄ ရက်နေ့မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး ဦးနှောက်သေဆုံးသွားခဲ့ပါတယ်။ 

Google 
Google 

သေကြောင်းကြံစည်ပြီးနောက်မှာ ဦးနှောက် သေဆုံးသွားခဲ့တဲ့ Kim Sung Min အတွက် မိသားစုဝင်တွေကခန္ဓာကိုယ်အစိတ်အပိုင်းဆိုင်ရာ လှူဒါန်းမှုလေးတွေ လုပ်ပေးခဲ့ပါတယ်။ Kim Sung Min ကို ဇွန်လ ၂၄ ရက်နေ့မှာ သူ့ရဲ့ နေအိမ်က ရေချိုးခန်းမှာ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ 

Google 
Google 
Google 

Kim Sung Min က ဇနီးဖြစ်သူနဲ့ အချေအတင်ရန်ဖြစ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။ Kim Sung Min ရဲ့ ဇနီးဖြစ်သူရဲ့ အဆိုအရတော့ Kim Sung Min က အရက်သောက်ပြီးတဲ့နောက်မှာ သေကြောင်းကြံစည်ဖို့အတွက် မကြာခဏ ပြောလေ့ပြောထရှိတယ်လို့ သိရပါတယ်။ စစ်ဆေးချက်တွေအရလည်း Kim Sung Min က သေဆုံးသွားတဲ့အချိန်မှာ အရက်သောက်ထားတဲ့ လက္ခဏာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

Google 
Google 

Kim Sung Min က ဦးနှောက်သေသွားတာကြောင့် လုံးဝသေဆုံးသွားတာမျိုး မဟုတ်ပေမယ့် ဦးနှောက်အသက် ပြန်ဝင်ပြီး ပုံမှန်အတိုင်း ဖြစ်လာဖို့ ခက်ခဲတာကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အားလုံးကို လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google 

တောင်ကိုရီးယားမင်းသား Kim Sung Min က ၂၀၁၆ ခုနှစ်မှာ ဆုံးပါးသွားခဲ့တာဖြစ်တာကြောင့် လူ့လောကမှာ မရှိတော့တာ နှစ်ပေါင်း ၆ နှစ်ကြာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။