F4 ချစ်သူထဲက အဓိက သရုပ်ဆောင်လေးဖြစ်တဲ့ ဂေါင်ဂျန်ဒီရဲ့ မောင်လေးအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ တောင်ကိုရီးယားကလေး သရုပ်ဆောင်လေး Park Jibin က လက်ရှိမှာ အသက် ၂၇ နှစ်အရွယ်တောင်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google
Google
Google

ကလေး သရုပ်ဆောင်အဖြစ်ကတည်းက ပရိသတ်တွေနဲ့ မစိမ်းခဲ့တဲ့ သရုပ်ဆောင် Park Jibin က လက်ရှိမှာလည်းနှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အချစ်တော်လေး ဖြစ်လို့နေပါတယ်။ Park Jibin က လူကြီးသရုပ်ဆောင်အဖြစ် ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင် ထားပေမယ့်လည်း အသက် ၂၇ နှစ်လို့ မထင်ရလောက်အောင်ကလေးလေးတစ်ယောက်လိုမျိုး ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။  

Google
Google

Park Jibin က ဇာတ်လမ်းတွဲပေါင်း ၁၆ တွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင် ၇ ခုထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကလေးသရုပ်ဆောင်အဖြစ်ကနေ ပုံစံပြောင်းပြီး အနုပညာလှုပ်ရှားမှု လမ်းမထက်မှာ လျှောက်လှမ်းနေတဲ့သူဖြစ်တာကြောင့် Park Jibin တစ်ယောက်တည်ငြိမ်ရင့်ကျက်တဲ့သူဖြစ်အောင် ဆက်ပြီး ကြိုးစားသွားရဦးမှာပဲ ဖြစ်ပါတယ်။ 

Google
Google
Google
Google

တစ်ခေတ်တစ်ခါက ကလေးသရုပ်ဆောင်လေး အဖြစ်ကနေ ချောမောလှပစွာနဲ့ ကြီးပြင်းလာခဲ့တဲ့ချစ်စရာကောင်လေး Park Jibin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။