ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်မှာရှိတဲ့ အုပ်ထိမ်းသူဘက်က တာဝန်မယူနိုင်တဲ့ရင်သွေးလေးများကို တာဝန်ယူစောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ 

Khine Hnin Wai’s Facebook 

သားငယ်သမီးငယ်လေးများကို မိဘအရင်းသဖွယ်စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေက အခုတစ်ခေါက်မှာလည်းမှော်ဘီဘက်က လမစေ့ဘဲမွေးပြီး စွန့်ပစ်ထားတဲ့ သားငယ်လေးတစ်ဦးကို ထပ်မံမွေးစားပေးခဲ့တယ်လို့ သိရပါတယ်။ 

Khine Hnin Wai’s Facebook 

ပရဟိတမင်းသမီးခိုင်နှင်းဝေရဲ့ က သားငယ်လေးကို မွေးစားပေးခဲ့တဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလိုလေး ကြေညာပေးခဲ့ပါတယ်။

Khine Hnin Wai’s Facebook 

“မှော်ဘီဘက်မှ ရက်သား ယောကျာ်းလေး တစ်ယောက်ကို စွန့်ပစ်ထား၍ ကျမတို့ ဂေဟာသို့ လာရောက် ပို့ဆောင်ထားပါတယ်ရှင်...ကလေးက လ မစေ့ပဲ မွေးခြင်းမျိုး ဖြစ်နိုင်ပြီးအာဟာရ ချို့ တဲ့ ကာ (၂) ပေါင် ကျော်ခန့်လောက်ပဲ ရှိပါတယ်...အတော်ပြုစုမွေးရမဲ့ ကလေးလဲ ဖြစ်သလို အသက် တစ်ချောင်း ကယ်တင်နိုင်ဘို့ တတ်နိုင်သလောက်ဂရုစိုက်မွေးသွားမှာ ဖြစ်ပေမဲ့ ကလေးကံက်ိုလဲ အားကိုးရမှာမို့ ကံကောင်းပါစေ  ကျန်းမာပါစေလို့ပဲ ဆုတောင်းရမှာပါပဲရှင်..❤️…”

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

ကလေးလေးက ၂ ပေါင်ပဲရှိတာဆိုတော့ ပြုစုဖို့အတွက်တော်တော်ကြိုးစားရဦးမှာပါနော်။ မေမေခိုင်နှင်းဝေရဲ့ ပြုစုမှုတွေနဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးလေး ဖြစ်လာဖို့ ဆုတောင်းရင်း အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။