တောင်ကိုရီးယာမင်းသမီး ချွဲဂျီဝူးဟာဆိုရင် ကျက်သရေရှိလွန်းတဲ့ အလှတရားနဲ့ ပြည့်စုံလွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။ ချွဲဂျီဝူးက သရုပ်ဆောင်ကောင်းလွန်းတဲ့သူဖြစ်တာကြောင့် သူမပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတိုင်း နာမည်ကြီး လူသိများပါတယ်။ 

Google 
Google 
Google 

ချွဲဂျီဝူးက ခင်ပွန်းဖြစ်သူနဲ့ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်လို့ ဆိုကာ အချက်အလတ်တွေ အားလုံးကို ဖုံးကွယ်ထားပါတယ်။ 

Google 
Google 

YG အင်တာတိန်းမန့်ရဲ့ အဆိုအရချွဲဂျီဝူးရဲ့ ခင်ပွန်းဖြစ်သူက ချွဲဂျီဝူးထက် ၉ နှစ်တိတိ ငယ်ပြီး O2O platform ရဲ့ စီအီးအိုတစ်ယောက်ဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ချွဲဂျီဝူးရဲ့ ခင်ပွန်းဖြစ်သူနဲ့ ပတ်သက်တဲ့ အချက်အလတ်တွေ အားလုံးကို ဖုံးကွယ်ထားရတာဖြစ်တယ်လို့ အင်တာတိန်းမန့်ဘက်ကနေ ထုတ်ပြန်ခဲ့ပါ သေးတယ်။ အင်တာတိန်းမန့်ဘက်ကနေစီးပွားရေးလုပ်ငန်းရှင်လို့ ပြောခဲ့ပေမယ့် တချို့ ပရိသတ်တွေကလည်း ချွဲဂျီဝူးရဲ့ ခင်ပွန်းက အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တယ်လို့ ပြောထားကြပါတယ်။ 

Google 

စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလတ်တွေကြောင့်  ပရိသတ်တွေရဲ့ သိချင်စိတ်ကို တားဆီးလို့ မရနိုင်ခဲ့ပါဘူး။ချွဲဂျီဝူးရဲ့ ခင်ပွန်းဖြစ်သူက ဘယ်သူဖြစ်မလဲဆိုတဲ့ မေးခွန်းတွေကတော့ ဆက်ပြီး ရှိနေတုန်းပဲဖြစ်ပါတယ်။

Google 
Instagram 

မင်းသမီး ချွဲဂျီဝူးက လက်ထပ်ပြီး ၂ နှစ်အကြာမှာ ချစ်ဖို့ကောင်းလွန်းတဲ့ သမီးဦးလေးကို ဖွားမြင်ခဲ့ပါတယ်။ ချွဲဂျီဝူးက အိမ်ထောင်သက် ၄ နှစ်ကြာသွားတဲ့အချိန်အထိ ခင်ပွန်းဖြစ်သူရဲ့ နာမည် လေးတစ်ခုကိုတောင် လုံးဝ ချမပြခဲ့ပါဘူး။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။