တောင်ကိုရီးယားမင်းသမီး ဆောင်းဟေကိုဟာဆိုရင် FendiBaguette ၂၅ နှစ်ပြည့်နှစ်ပတ်လည်အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ပွဲအခမ်းအနားက ကျင်းပပြီးစီးသွားခဲ့ပေမယ့်လည်းဆောင်းဟေကိုကတော့ သာမန်သူတစ်ယောက်လိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ နယူးယောက်မြို့မှာ လျှောက်သွားလျှောက်စား လျှောက်လည်နေဆဲပဲ ဖြစ်ပါတယ်။ 

Google 
Google 
Google 
Google 

နယူးယောက်မြို့မှာ ဆောင်းဟေကို လျှောက်လည်နေတဲ့ ပုံရိပ်လေးတွေကို အောက်မှာ ဝင်ကြည့်သွားနိုင်ပါတယ်။ဓာတ်ပုံလေးတွေထဲမှာ ဆောင်းဟေကိုက ကျယ်ပြန့်တဲ့ ကွင်းပြင်စိမ်းစိမ်းကြီးပေါ်မှာ ပေါ့ပါး သွယ်လျတဲ့ ပုံစံလေးနဲ့ခွေးကလေး Ruby ကို ချီထားပါတယ်။

Instagram 
Instagram 
Instagram 

နောက်ထပ် ဓာတ်ပုံလေး တစ်ပုံမှာတော့ ဆောင်းဟေကိုက ခွေးကလေးကို လည်ပင်းမှာ ကြိုးလေးနဲ့ဆွဲထားပြီးပလက်ဖောင်းပေါ်မှာ လျှောက်သွားနေတာဖြစ်ပါတယ်။ နောက်တစ်ပုံထဲမှာတော့ ဆောင်းဟေကိုက ခွေးကလေးကိုဗိုက်ထဲက အိတ်လေးထဲမှာ ထည့်ထားပြီး လမ်းမပေါ်မှာ လျှောက်သွားနေတာဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေအားလုံးထဲမှာ ဆောင်းဟေကိုက ပေါ့ပေါ့ပါးပါးလေးနဲ့ အရမ်း ချစ်ဖို့ ကောင်းနေပြီး မျက်နှာလေးကလည်း အရင်ပုံစံထက်ပိုပြီး ပိန်သွယ်နေပါတယ်။ 

Instagram 

အသက် ၄၀ ကျော်အရွယ် ဖြစ်ပေမယ့် နုပျိုပြီး ချောမောနေဆဲဖြစ်တဲ့ တောင်ကိုရီးယား မင်းသမီး ဆောင်းဟေကိုရဲ့ ပေါ့ပါးသွတ်လပ်နေတဲ့ လက်ရှိပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။