Black Pink အဖွဲ့ရဲ့ “Shut Down” MV ဟာဆိုရင် ဟောင်ကောင်အဆိုတော်အဖွဲ့ရဲ့ COLLAR’s “OFF/ON” MV ကိုပုံတူကူးချထားတယ်ဆိုပြီး Netizen တွေရဲ့ သံသယဝင်ခြင်းကို ခံနေရပါတယ်။ BLACKPINK အဖွဲ့ကစက်တင်ဘာလ ၁၆ ရက်နေ့မှာ သူတို့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်“BORN PINK” ကို ထုတ်လုပ်ခဲ့ပြီး အယ်လ်ဘမ်ရဲ့ MV နာမည်က  “Shut Down” ဖြစ်ပါတယ်။ “Shut Down” MV က ထုတ်လွှင့်ပြီးပြီးချင်း ၂၄ နာရီမှာပဲ ကြည့်ရှုသူ သန်း ၅၀ အထိဖြစ်ခဲ့ပြီး နာမည် အရမ်းကြီးခဲ့ပါတယ်။ 

Google 

လက်ရှိမှာ Netizen တွေက “Shut Down” MV ဟာ ကောင်ကောင်အဖွဲ့ရဲ့ “OFF/ON” MV ကို ခိုးချထားတယ်ဆိုပြီးစွပ်စွဲပြောဆိုနေကြပါတယ်။ “OFF/ON” သီချင်းထွက်ရှိခဲ့တဲ့ ရက်က “Shut Down” ထက်ပိုပြီး စောတာကြောင့်Netizen တွေက Blackpink က ခိုးယူထားတာလားဆိုပြီး  သံသယဝင်နေကြတာဖြစ်ပါတယ်။ 

Google 

တချို့ Netizen တွေဟာဆိုရင် ပုံစံတွေ သွားတူနေတဲ့ အကြောင်းကို ပုံတွေနဲ့တကွ အတူတူနှိုင်းယှဉ်ပြီး ပြသထားကြပါတယ်။ 

MV နှစ်ခုစလုံးမှာ Bathtub ထဲထိုင်နေကြပုံ
MV နှစ်ခုစလုံးမှာ Bathtub ထဲထိုင်နေကြပုံ
Choreography ချင်းတူညီနေကြပုံ
Choreography ချင်းတူညီနေကြပုံ
ကားမောင်းနေကြပုံချင်းတူကြပုံ
ကားမောင်းနေကြပုံချင်းတူကြပုံ
သိုးမွေးဦးထုပ်တွေ ဆောင်းထားကြပုံ
သိုးမွေးဦးထုပ်တွေ ဆောင်းထားကြပုံ

Select an imageတချို့ ပရိသတ်တွေကလည်း “Shut Down” က Blackpink ရဲ့ ကိုယ်ပိုင်စတိုင်ဖြစ်ပြီး ကိုယ်တိုင် ရိုက်ကူးထားတဲ့MV တွေကို Reference ယူထားတာကြောင့် သူများဆီက ကူးချတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။BLACKPINK ပရိသတ်တွေကလည်း BLACKPINK အဖွဲ့ရဲ့ သီချင်းတွေက အခြားသီချင်းတွေရဲ့ နမူနာ သီချင်းတွေဖြစ်တာကြောင့် ယေဘုယျအားဖြင့် ပုံစံ သွားတူနေတာဖြစ်ပြီး ပုံတူကူးချခြင်း မဟုတ်ဘူးလို့ ထောက်ပြထားကြပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။