တောင်ကိုရီးယားမင်းသမီး ဆိုရီဟျွန်း ဟာဆိုရင် မင်းသား အင်ဂိုဂျင်းနဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက ငယ်သူငယ်ချင်းတွေ ဖြစ်ကြပြီး ကျောင်းတစ်ကျောင်းထဲမှာ အတူတူ တက်ခဲ့ကြတဲ့ သူတွေ ဖြစ်ပါတယ်။ 

Google 
Google 
Google 

သူတို့နှစ်ဦးက Aeja’s Older Sister, Minja” နဲ့ “Happy Ending ဇာတ်လမ်းတွဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား အင်ဂိုဂျင်းက မင်းသမီး ဆိုရီဟျွန်းကို လက်ထပ်ခွင့် အရင်တောင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်တောင် ရရှိပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ 

Google 
Google 

လက်ရှိမှာဆိုရင် မင်းသမီး ဆိုရီဟျွန်းနဲ့မင်းသား အင်ဂိုဂျင်းတို့က လက်ထပ်ထားကြတာ ၈ နှစ်တောင်ရှိသွားကြပြီပဲ ဖြစ်ပါတယ်။ လက်ထပ်ထားတာ ၈ နှစ် ကြာသွားပေမယ့်လည်း ဆိုရီဟျွန်းနဲ့အင်ဂိုဂျင်းတို့က လက်ထပ်ခါစ ကြင်စဦးတွေလိုမျိုး ကြည်နူးစရာ ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။ မင်းသမီး ဆိုရီဟျွန်းက မကြာသေးမီက သူမနဲ့ခင်ပွန်းဖြစ်သူတို့ အပြင်ကို ပျော်ပျော်ကြီး လျှောက်သွားနေတဲ့ ဓာတ်ပုံလေး တင်ပေးလာပါတယ်။ ဓာတ်ပုံလေးထဲမှာ ကလေးတွေမပါဘဲ ပျော်ရွှင်နေကြတဲ့ သရုပ်ဆောင်နှစ်ဦးက အခုမှ လက်ထပ်ပြီးခါစ ကြင်စဦးလေးတွေလိုမျိုး အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။ 

Instagram 
Instagram 
Instagram 

ကလေး နှစ်ယောက်ရှိသွားပေမယ့်လည်း ချစ်ဖို့ကောင်းနေဆဲ ချောမောလှပနေဆဲ အချစ်တွေ နုပျိုနေဆဲ တောင်ကိုရီးယား အနုပညာရှင် နှစ်ဦးရဲ့ လက်ရှိပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google 
Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။