တောင်ကိုရီးယားသရုပ်ဆောင် ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ကလူတိုင်း အားကျရတဲ့စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက နာမည်ကြီး မင်းသားမင်းသမီးတွေ ဖြစ်တဲ့အလျောက်လက်ထပ်ပြီးတဲ့နောက်မှာလည်း စောင့်ကြည့်ခံနေရတဲ့ပြည်သူချစ်စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက အချင်းချင်း ချစ်ကြရုံသာမက နှစ်ဦးနှစ်ဖက်မိဘတွေနဲ့ပါပေါင်းသင်းဆက်ဆံရေးတော်တော်လေး အဆင်ပြေပါတယ်။ 

Google

ဟွန်ဘင်းနဲ့ မိဘတွေနဲ့ ဆွန်ရီဂျင်းရဲ့ မိဘတွေ အဆင်ပြေပြေရှိကြတဲ့အကြောင်းကို မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ Confidential Assignment 2: International ဗွီအိုင်ပီ ပွဲဦးထွက် မှာတွေ့ရှိခဲ့ပါတယ်။ ပွဲဦး ထွက်အခမ်းအနားမှာ ပရိသတ်တွေက Son Ye Jin နဲ့ Hyun Bin တို့ရဲ့ မိဘတွေကို အတူတူတွေ့ခဲ့ရတာကြောင့် နှစ်ဦးနှစ်ဖက် အလွန်ရင်းနှီးပြီး ဆက်ဆံရေးကောင်းမွန်နေကြတယ်လို့ သိရပါတယ်။ 

Confidential Assignment 2: International ဗွီအိုင်ပီ ပွဲဦးထွက် မှာတွေ့ရှိခဲ့ရတဲ့ မိဘများ
Confidential Assignment 2: International ဗွီအိုင်ပီ ပွဲဦးထွက် မှာတွေ့ရှိခဲ့ရတဲ့ မိဘများ

ဒါ့အပြင် မင်္ဂလာပွဲကျင်းပစဉ်တုန်းကလည်း ကြင်စဦး မောင်နှံနှစ်ယောက်က မိဘတွေဆီကနေ ကောင်းချီးနဲ့ အကြံဥာဏ်တွေရရှိခဲ့ကြပါတယ်။ ပွဲအခမ်းအနားမှာ ဟွန်ဘင်းက ယောက္ခမကို တင်းတင်းကြပ်ကြပ်ဖက်ထားတာကို တွေ့ခဲ့ရပြီး Son Ye Jin ကလည်း သေသေချာချာလေး ပွေ့ဖက်ထားပါတယ်။ 

မင်္ဂလာပွဲမှာပွေ့ဖက်ကြ
ဆွန်ရီဂျင်းရဲ့ မိဘများ

ဆွန်ရီဂျင်းဘက်က ယောက္ခမတွေဆီက ချစ်ခင်မှု ရရှိသလို ဟွန်ဘင်းကလည်းယောက္ခမတွေရဲ့ အချစ်တော်သမက်လေး ဖြစ်ပါတယ်။ ဒါ့အပြင် ဟွန်ဘင်းရဲ့ မိခင်ကြီးက ထက်မြတ်ပြီး သွက်သွက်လက်လက်ရှိတဲ့ ချွေးမလေးကို အရမ်းချစ်တယ်လို့ သိရပါတယ်။ 

Google
Google

သားနဲ့နဲ့ချွေးမ အိမ်ကိုအလည်လာတိုင်း အရသာရှိလွန်းလှတဲ့ ရိုးရာမုန့်လေးတွေကို ချက်ပြုတ်ကျွေးမွေးလေ့ရှိတယ်လို့ သိရပါတယ်။ 

ယောက္ခမချက်ကျွေးသောဟင်းလျာများ

သဘောကောင်းတဲ့ နှစ်ဦးနှစ်ဖက် မိဘတွေနဲ့ ကုသိုလ်ကံကောင်းလွန်းလှတဲ့ ဘင်းဂျင်း စုံတွဲလေးအကြောင်း ပရိသတ်ကြီးကို ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။