ဆန်းမီလို့ လူသိများတဲ့ တောင်ကိုရီးယား မင်းသမီး Park Chae Rim ဟာဆိုရင် ၂၀၀၀ ခုနှစ်တုန်းက ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Park Chae Rim ဟာခင်ပွန်းဖြစ်သူ Lee Seung Hwan နဲ့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ Park Chae Rim ဟာ ဒုတိယအိမ်ထောင်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ တရုတ်လူမျိုး အဆိုတော် ၊ သရုပ်ဆောင် Gao Zi Qi နဲ့ မင်္ဂလာပွဲအကြီးအကျယ် ဆင်နွှဲပြီး လက်ထပ်ခဲ့ပါတယ်။ 

Google 

လက်ထပ်ပြီးနောက် ဒီဇင်ဘာလ၂၀၁၇ ခုနှစ်မှာ ပထမဦးဆုံးရင်သွေးလေးကို ဖွားမြင်ခဲ့ပါတယ်။ Gao Zi Qi ဟာသားဦးလေးကို တွေ့တွေ့ချင်းမှာ ပျော်လွန်းလို့ မျက်ရည်တွေ ကျခဲ့ပြီး သားလေးရဲ့ ခြေရာကိုပါ အမြတ်တနိုးနဲ့သိမ်းဆည်းခဲ့ပါတယ်။ 

Google 

Gao Zi Qi က သားလေး မွေးပြီးပြီးချင်းမှာလည်း ချက်ချင်းဆိုသလို Weibo အကောင့်မှာ ဓာတ်ပုံလေးတွေနဲ့ ပုံလေးတွေ တင်ပေးခဲ့ပါတယ်။ 

Weibo
Weibo
Weibo

သားလေးကို အရမ်းချစ်တယ်လို့ နာမည်ကြီးတဲ့ တရုတ်မင်းသား Gao Zi Qi က ဇနီးဖြစ်သူနဲ့ သားကို ကွာရှင်းပြီး အခုလိုမျိုး နေနိုင်လိမ့်မယ်လို့ ဘယ်သူမှလည်း မထင်ခဲ့ကြပါဘူး။ 

Google 

မင်းသမီး Park Chae Rim က ခင်ပွန်းဖြစ်သူ Gao Zi Qi နဲ့ ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ရတဲ့အကြောင်းအရင်းကို Park Chae Rim က တစ်ခုမှ ပြန်လည် မရှင်းပြခဲ့ဘဲနှုတ်ဆိတ်ပြီးသာနေခဲ့ပါတယ်။ Park Chae Rim ဟာ Single Mother အဖြစ် သားလေးကို စောင့်ရှောက်ရမယ့်အပေါ် စိတ်မကောင်းဖြစ်တဲ့ အကြောင်းပြောရုံကလွဲလို့ ခင်ပွန်းဖြစ်သူအကြောင်းကို တစ်ခွန်းမှ မဟခဲ့ပါဘူး။ 

Google 

ပရိသတ်တွေကလည်း မင်းသမီး မသိစေချင်တဲ့ အကြောင်း ဖြစ်တယ်လို့ ယူဆကာဝင်ပြီး မစပ်စုခဲ့ကြပါဘူး။ 

Google 
Google 

ဒါပေမယ့်လည်း သားလေးကို တုန်နေအောင်ချစ်ပါလျက်နဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ရတဲ့ Gao Zi Qi ရဲ့ အကြောင်းကတော့ ပရိသတ်တွေကြားမှာ ဆွေးနွေးစရာကြီး တစ်ခုအဖြစ် ရှိနေတုန်းပဲ ဖြစ်ပါတယ် ။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။