အဆိုတော် IU (Lee Ji-eun) ဟာဆိုရင် မကြာသေးမီက ဆိုရွားနေတဲ့ သူမရဲ့ ကျန်းမာရေး အခြေအနေအကြောင်းကို ဝန်ခံခဲ့ပါတယ်။ IU က သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ နောက်ဆုံးဖျော်ဖြေမှု အနေနဲ့ “You&I” သီချင်းကိုသီဆိုခဲ့ပါတယ်။ IU ဟာဆိုရင် ကျန်းမာရေးအခြေအနေ မကောင်းနေတဲ့ အချိန်မှာတောင် Love poem သီချင်းကိုအမှားအယွင်းမရှိလဲ သီဆိုနိုင်ခဲ့ပါတယ်။ 

Google

သူမရဲ့ ကျန်းမာရေးအခြေအနေက ပုံမှန်မဟုတ်တဲ့အကြောင်းကို IU က ဖျော်ဖြေပွဲစင်မြင့်ထက်မှာ အခုလိုလေးပြောခဲ့ပါတယ်။ 

Google

“အရိုးသားဆုံးပြောရရင် ဒီနေ့ ပွဲက နည်းနည်းခက်ခဲပါတယ်။ ကျွန်မအတွက် ပထမဆုံးနေ့က ပိုပြီးခက်ခဲပါတယ်။ဒုတိယနေ့မှာတော့ ပွဲအခြေအနေနဲ့ နည်းနည်းပိုပြီး အသားကျသွားလို့ ပိုပြီး သက်တောင့်သက်သာရှိသွားပါတယ်။ဒါပေမယ့် ကျွန်မ နားနဲ့ ပတ်သက်ပြီး ပြဿနာ နည်းနည်း တက်နေပါတယ်။ 

Google

နားရောဂါကြောင့် ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး နည်းနည်း စိတ်ဖိစီးနေပါတယ်။ အရမ်းကြီး မပြင်းထန်ပေမယ့် ကျွန်မနားတွေကို မထိန်းချုပ်နိုင်တာ၁ နှစ်လောက်ကြာသွားပါပြီ။ တစ်ရက်မှာ ကျွန်မ နားတွေ ပုံမှန်အတိုင်း ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်။ ကျွန်မလည်ချောင်း အခြေအနေ အဆင်ပြေပေမယ့် နားနဲ့ ပတ်သက်ပြီး နည်းနည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။” 

Google
Google

IU ဟာဆိုရင် အစမ်းလေ့ကျင့်နေတဲ့ အချိန်မှာလည်း ခက်ခဲခဲ့ရတယ်လို့ သိရပြီး အတက်နိုင်ဆုံး ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။ ကိုယ့်အသံကိုယ် ပြန်နားမထောင်နိုင်လောက်အောင် နားက ဆူနေတာကြောင့် နားပိတ်ပြီးလေ့ကျင့်ခဲ့ရတဲ့ အထိဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

Google

အဆိုတော်မလေး IU ဟာ အခက်အခဲတွေ အများကြီးကြားထဲမှာ The Golden Hour ဖျော်ဖြေပွဲကို ခမ်းနားကြီးကျယ်စွာနဲ့ ပြုလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေး ချီးကျူးခြင်းကို ခံနေရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။