တောင်ကိုရီးယားမင်းသမီး Gong Hyo-jin ဟာဆိုရင်လာမယ့် အောက်တိုဘာလမှာ သူမထက် ၁၀ နှစ်ကျော်ငယ်တဲ့ကိုရီးယား-အမေရိကန် အဆိုတော်လေး Kevin Oh နဲ့ လက်ထပ်တော့မှာဖြစ်ပါတယ်။ Gong Hyo-jin က မင်္ဂလာပွဲကို ခင်ပွန်းဖြစ်သူရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ အမေရိကားမှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပြီး ရင်းနှီးတဲ့အသိမိတ်ဆွေတွေနဲ့သာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားမင်းသမီး Gong Hyo-jin က မကြာသေးမီက သူမရဲ့ လက်ရှိ အခြေအနေကို ပရိသတ်တွေကို ဝေမျှပေးခဲ့ပါတယ်။ 

Google 
Google 

Gong Hyo-jin က စက်တင်ဘာလ ၁၈ ရက်နေ့မှာ သူမရဲ့ အင်စတာဂရမ်စတိုရီလေးပေါ်မှာ ဘာစာသားမှ မပါတဲ့ဓာတ်ပုံလေးကို ဝေမျှပေးခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ Gong Hyo-jin က အပြင်လျှောက်လည်နေတဲ့ ပုံစံဖြစ်ပြီးပေါ့ပေါ့ပါးပါး တီရှပ်လေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ ကောင်မလေးက အရမ်းပျော်နေပြီး ထူးထူးခြားခြား ပုံစံလေးဖြစ်နေတာကြောင့် ချစ်သူ ကောင်လေး Kevin Oh ရိုက်ပေးထားတဲ့ ဓာတ်ပုံလေးလားဆိုပြီးပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ 

Google 

တောင်ကိုရီးယားမင်းသမီး Gong Hyo-jin ဟာဆိုရင် နာမည်ကြီးတဲ့ ဇာတ်လမ်းတွဲတွေဖြစ်တဲ့ It's Alright, This is Love ၊ Master's Sun ၊ When the Camellia Blooms အပြင် အခြားနာမည်ကြီးတဲ့ ဇာတ်ကားပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google 
Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။