တောင်ကိုရီးယား သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့နှစ်ဦးဟာ မင်္ဂလာဆောင် လက်ထပ်ယူထားကြတဲ့ စုံတွဲဖြစ်ပြီး မကြာခင်မှာ မိဘတွေ ဖြစ်လာကြတော့မှာဖြစ်ပါတယ်။

Google 

သူတို့နှစ်ဦးက လက်ထပ်ပြီး နောက်မှာလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ မကြာသေးမီအချိန်က ဘင်းဂျင်းစုံတွဲလေးက “Confidential Assignment 2: International” ဇာတ်လမ်းနဲ့ပတ်သက်ပြီး သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခုနဲ့ရင်ဆိုင်ကြုံတွေ့ရပါတယ်။ 

Google 

သတင်းကောင်းက “Confidential Assignment 2: International” ဇာတ်လမ်းက ရုံတင်ပြီး ၁၁ ရက်အကြာမှာ ကြည့်ရှုသူ ၄ သန်းကျော်သွားပါတယ်။ 

Google 

သတင်းဆိုးကတော့ Confidential Assignment franchise တွေထဲမှာ Confidential Assignment 2 ရဲ့ ရလာဒ်ကထင်ထားသလိုမျိုး မကောင်းနေတာဖြစ်ပါတယ်။ 

Google 
Google 

အရင်ထွက်ထားတဲ့ ဇာတ်ကားတွေနဲ့ ယှဉ်ရင် အခုတစ်ခေါက် ဇာတ်ကားက ထင်ထားသလောက်အားရဖို့ မကောင်းနေဘဲ စိုးရိမ်စရာအခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ အစကောင်းခဲ့ပေမယ့် Confidential Assignment 2  ဇာတ်လမ်းတွဲဟာ ကြည့်ရှုသူ ၇.၈၁ သန်း စံချိန်ကိုကျော်ရန် ခက်ခဲနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

Google 

Confidential Assignment 2  က ဟွန်ဘင်းအနေနဲ့ လက်ထပ်ပြီးမှ ပထမဦးဆုံးရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် အရေးကြီးတဲ့ ဇာတ်ကားတစ်ကားလို့ဆိုရမှာပါ။ 

Google 

မကြာခင်မှာ ကလေးအဖေဖြစ်တော့မယ့် ဟွန်ဘင်းရဲ့ဇာတ်ကား ဒီထက်မက အောင်မြင်မှုတွေ ဆက်ပြီး ရဦးမလားဆိုတာကိုတော့ ဆက်လက်ပြီး စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။