တောင်ကိုရီးယားမင်းသား Go Joo-won  ဟာဆိုရင် ရည်းစားဟောင်းဖြစ်သူက လက်ထပ်ကြတော့ဖို့ ပြောတာကိုငြင်းမိတာကြောင့် လမ်းမထက်မှာ အရှည်ကွဲခဲ့ရခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာကို Go Joo-won  က Channel A ရဲ့ Dr. Oh’s Golden Clinic အစီအစဉ်မှာပြောခဲ့တာဖြစ်ပါတယ်။ 

Google 
Google 

မင်းသား Go Joo-won က အသက် ၄၀ နှစ်ရှိနေပေမယ့် လက်ရှိအချိန်အထိ လက်မထပ်ရသေးတဲ့သူဖြစ်ပါတယ်။ 

Google 

Go Joo-won က ရည်းစားဟောင်းဖြစ်သူရဲ့အကြောင်းကို အခုမှ ပထမဦးဆုံး ပြောဖူးတာဖြစ်ပါတယ်။ Go Joo-won ရဲ့ ရည်းစားဟောင်းကောင်မလေးက လက်ထပ်ချင်နေပေမယ့် Go Joo-won က အိမ်ထောင်ပြုရမှာကြောက်တာကြောင့် ငြင်းခဲ့တယ်လို့ သိရပါတယ်။

Google 

 Go Joo-won က အိမ်ထောင်ပြုပြီးနောက်မှာ သူကိုယ်တိုင်အနေနဲ့ကောင်းကောင်းတာဝန်ယူနိုင်မှာလား၊ အိမ်ထောင်မှုတာဝန် ကောင်းကောင်းကြေနိုင်မှာလား ဆိုတဲ့အတွေးတွေ ရှိခဲ့ပြီး အခုအချိန်အထိ လက်ထပ်ဖို့ကြောက်နေတုန်းလို့ ဆိုပါတယ်။ 

Google 

Go Joo-won က ရည်းစားဟောင်းဖြစ်သူနဲ့ လမ်းမထက်မှာ အကြီးအကျယ်ရန်ဖြစ်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ Go Joo-won ရဲ့ ရည်းစားဟောင်းက လက်ထပ်ဖို့ပြောတာကို Go Joo-won ကလက်မခံခဲ့တာကြောင့် နှစ်ဦးသား အပြင်းအထန် ရန်ဖြစ်ခဲ့ကြပြီး အကျယ်ကြီးလည်း အော်မိတယ်လို့ဆိုပါတယ်။ Go Joo-won ခမျာ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကို အရမ်းသနားမိခဲ့ပြီး အခုအချိန်ထိ စိတ်ဒဏ်ရာရနေတယ်လို့ ဆိုပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသား Go Joo-won က ၂၀၀၃ ခုနှစ်တုန်းက ပွဲဦးထွက်လာတဲ့သူဖြစ်ပြီး Bizarre Bunch ၊Famous Chil Princesses နဲ့ The King and I အပြင် အခြား ဇာတ်လမ်းတွဲပေါင်းများစွာ မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။