မကြာသေးမီက တောင်ကိုရီးယား ဒိတ်ဒိတ်ကြဲ အနုပညာရှင် နှစ်ဦးဖြစ်တဲ့ ဆောင်းဟေကိုနဲ့ လီမင်ဟိုတို့ကFendiBaguette ၂၅ နှစ်ပြည့်နှစ်ပတ်လည်အတွက် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပွဲအတူတူတတ်ခဲ့ကြပါတယ်။ နှစ်ဦးသားက အမေရိကားကို အင်ချွန်းလေဆိပ်ကနေ အတူတူသွားခဲ့ကြသလို ပွဲအခန်းအနားမှာပါအနီးကပ်အတူတူရှိနေကြတဲ့အတွက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက အရမ်းကို မြင့်တက်နေခဲ့ကြတာဖြစ်ပါတယ်။ 

Google 
Google 
Google 

ပရိသတ်တွေက ဆောင်းဟေကိုနဲ့လီမင်ဟိုကို အရမ်းလိုက်ဖက်လွန်းလို့ သဘောတူခဲ့ကြပြီး တွဲနေရင်ကောင်းမှာပဲလို့ ပြောရလောက်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

Google 
Google 
Google 

နှစ်ဦးသားက Brand Ambassadors တွေ ဖြစ်ကြတာကြောင့် ကုမ္ပဏီရဲ့ ပုံရိပ်ကို ပြသတဲ့အနေနဲ့ နှစ်ဦးသားရဲ့ ရင်းနှိီးမှုကို ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာက အတူတွဲထိုင်နေတဲ့ ဓာတ်ပုံလေးတွေကို ဆောင်းဟေကိုကိုယ်တိုင်က အသဲလေးဝင်ပေးထားတာဖြစ်ပါတယ်။

Google 

ဒါ့အပြင် သူမရဲ့ အင်စတာဂရမ်စတိုရီလေးမှာလည်း လီမင်ဟိုနဲ့အတူတွဲထိုင်နေတဲ့ ဗီဒီယိုလေးကို တင်ထားပါသေးတယ်။ 

Google 

ပရိသတ်တွေက Minkyo couple ဆိုပြီး ဝိုင်း တွဲပေးနေကြတာကို မမဆောင်းဟေကို စိတ်မဆိုးခဲ့တာကြောင့်ပရိသတ်တွေ ဆောင်းဟေကိုရဲ့ သဘောကောင်းမှုကြီးကို အရမ်းချစ်နေကြပါတယ်။ 

Google 

တချို့ကလည်း မမဆောင်းဟေကို အချစ်တွေ ကုန်ခမ်းသွားတာကြောင့် ဒီလိုအရာက သူမအတွက် ဘာမှ မဟုတ်တော့တာဖြစ်ကြောင်း ယူဆထားကြပါတယ်။ 

Google 

သစ်ရွက်ကလေးတွေ လှုပ်တိုင်း ရင်မခုန်တတ်တော့တဲ့ မမဆောင်းဟေကိုအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။