တစ်ချိန်က မြန်မာ့ဗီဒီယိုလောကမှာ မသိတဲ့သူမရှိလောက်အောင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန်ဟာဆိုရင် စက်တင်ဘာလ ၈ ရက်နေ့မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ရပါတယ်။ မြန်မာမင်းသားကြီး ကွယ်လွန်ဆုံးပါးသွားတဲ့နေ့ဟာ အင်္ဂလန် ဘုရင်မကြီးဆုံးပါတဲ့နေနဲ့ သွားတူနေတာကြောင့် လူတော်တော်များများ မသိခဲ့ကြပါဘူး။ 

Photo credit to original uploader 
Photo credit to original uploader 

မင်းသားကြီး ထွန်းလုံရှိန်ဟာ မြန်မာ့ခေတ်ဦး ရာဇဝင်ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့သူဖြစ်ပြီးသရုပ်ဆောင် အရမ်းတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန်ဟာ စက်တင်ဘာလ ၈ ရက်နေ့ ၊ ကြာသပတေးနေ့မှာ ကွယ်လွန်ဆုံးပါးသွားပြီးကွယ်လွန်သွားတဲ့အချိန်မှာ အသက် ၆၃ နှစ်အရွယ်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

တစ်ခေတ်တစ်ခါကလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ မြန်မာ့ရာဇဝင်မင်းသားကြီး ထွန်းလုံရှိန် ကွယ်လွန်သွားခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။