တောင်ကိုရီးယားမင်းသား Han Jae Suk ဟာဆိုရင် ဆည်းဆာရင်ခုန်သံ ၊ ဖန်ရွှေနင်းနဲ့ယမင်းရွှေစင် ဇာတ်လမ်းတွဲအပြင် အခြား နာမည်ကြီးတဲ့ ဇာတ်လမ်းပေါင်းများစွာနဲ့ အောင်မြင်မှု ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Han Jae Suk ကဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်တာကြောင့် လူသိများတဲ့သူတစ်ယောက်ဆိုပေမယ်အခုနောက်ပိုင်းဇာတ်လမ်းတွဲတွေမှာ သူ့ကိုသိပ်ပြီး မတွေ့ရတော့ပါဘူး။ 

Google 
Google 
Google 

Han Jae Suk က The Winter Sonata ရဲ့ မင်းသမီး Park Sol Mi နဲ့ ၃ နှစ်ကြာချစ်ကြိုက်ခဲ့ပြီးနောက် မှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက ၂၀၁၀ ခုနှစ်တုန်းက ဒရမ်မာဖြစ်တဲ့ Merchant Kim Man Deok မှာ ပါဝင်သရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ နှစ်ဦးသား တွဲနေတုန်းက ပျက်သွားပြီဆိုတဲ့ သတင်းတွေ ခဏခဏထွက်ခဲ့ပေမယ့် ထွက်လာတဲ့ သတင်းတိုင်းကို မဟုတ်တဲ့အကြောင်း ပြန်လည် ငြင်းခဲ့ကြပါတယ်။ 

Google 
Google 
Google 

၂၀၁၄ ခုနှစ်မှာ မင်းသမီး Park Sol Mi က ကျန်းမာသန်စွမ်းတဲ့ သမီးဦးလေးကို မွေးဖွားခဲ့တာကြောင့် အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးက မိဘတွေ ဖြစ်လာကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ မင်းသမီး Park Sol Mi က နောက်ထပ် သမီးလေးကို ထပ်မံမွေးဖွားခဲ့ပါတယ်။ လက်ရှိမှာဆိုရင် မင်းသား Han Jae Suk ရဲ့သမီးလေးတွေက တော်တော်လေးတောင် အရွယ်ရောက်လာကြပြီပဲဖြစ်ပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသား Han Jae Suk က လျှမ်းလျှမ်းတောက် အောင်မြင်တဲ့သူဆိုပေမယ့် နောက်ပိုင်းတွေမှာအနုပညာအလုပ်တွေ မလုပ်တော့ပါဘူး။

Google 
Google 

 တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသားကြီးက လက်ရှိမှာပျော်ရွှင်စရာမိသားစုလေးကို တည်ဆောက်ထားပြီး သာယာလှပတဲ့ ဘဝ လေးမှာ နေထိုင်နေပြီပဲ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။