တောင်ကိုရီးယားမင်းသမီး Honey Lee ဟာဆိုရင်  ကလေးမွေးဖွားပြီးတဲ့နောက်မှာ ပိုပြီးတော့ ကျန်းမာသန်စွမ်းပြီးလှပ လာခဲ့ပါတယ်။ မိခင်တစ်ယောက်ဖြစ်လာတဲ့ Honey Lee ရဲ့ ပထမဦးဆုံး ပုံရိပ်လေးက အရမ်းကို ပြည့်စုံပြီးချစ်ဖို့ ကောင်းလွန်းနေပြီး ပရိသတ်တွေအားလုံးကို ကျေနပ်သွားစေပါတယ်။ 

Google 

ကလေးမွေးဖွားပြီးနောက် ဓာတ်ပုံလေးတွေကို Honey Lee က စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ မတွေ့ရတာကြာပြီနော် ဆိုတဲ့ စာသားလေးနဲ့ တွဲပြီး တင်ပေးခဲ့တာဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးတွေကိုHoney Lee က  Marie Claire Korea အတွက် ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ 

Google 

ဓာတ်ပုံထဲမှာ Honey Lee က အိပ်ရာပေါ်မှာ လဲလျောင်းနေပြီး နူးညံ့တဲ့ အပြုံးလေးကို ပြုံးလို့နေပါတယ်။ Honey Lee က ကလေးမွေးဖွားပြီးပြီးချင်းမှာ သေးသွယ်ပိန်ပါးတဲ့ ခန္ဓာကိုယ်လေးကို ပြန်လည်ရရှိခဲ့တာကြောင့် ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပါတယ်။ 

Google 

တောင်ကိုရီးယားမင်းသမီး Honey Lee က ပြီးခဲ့တဲ့ဒီဇင်ဘာလ တုန်းကအနုပညာရှင်မဟုတ်တဲ့သူနဲ့ လက်ထပ်ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့မှာ ဆိုလ်းမြို့မှာ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။