တောင်ကိုရီးယား ဝါရင့် မင်းသားကြီး Choi Sung Kook ဟာဆိုရင် သူ့ထက် အသက် ၂၄ နှစ်အရွယ်ပိုပြီး ငယ်တဲ့ချစ်သူကောင်မလေးကို အလင်းပြလိုက်ပါတယ်။ 

Google 
Google 

ဒီအကြောင်းအရာကို ဝါရင့်မင်းသားကြီး Choi Sung Kook က စက်တင်ဘာလ ၁၁ ရက်နေ့မှာ TV Chosun ရဲ့'Chosun's Romantist' အစီအစဉ်မှာ ထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။ အခုအကြိမ်က မင်းသားကြီး Choi Sung Kook သူ့ရဲ့ ချစ်သူကောင်မလေးကို အလင်းပြတာ ပထမဦးဆုံး အကြိမ်ပဲဖြစ်ပါတယ်။ 

Google 

Choi Sung Kook ကချစ်သူကောင်မလေးကို တွဲပြီး ၁ နှစ်အကြာမှာ လက်ထပ်မှာဖြစ်တယ်လို့ လေးလေးနက်နက် ပြောထားပါတယ်။ 

Google 

ချစ်သူကောင်မလေးနဲ့ သားအဖလိုမျိုး အသက်အရမ်းကွာနေတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို မင်းသားကြီးChoi Sung Kook အခုလိုမျိုး ပြောထားပါသေးတယ်။ 

Google 
Google 

“လူတွေက ပုံသေကားချပ်ကြီးတွေအတိုင်းပဲ ဖြစ်ကြလွန်းလို့ ကျွန်တော့် ကောင်မလေးနဲ့ အသက်အရမ်းကွာတဲ့အကြောင်းကို မပြောချင်ခဲ့ပါဘူး။ အားလုံးပဲ ကျွန်တော်ဘာလို့ ဒီအစီအစဉ်ကို ရိုက်တာလဲဆိုတာ သိလား .. PD ကကျွန်တော့်ကိုပြောတယ် .. လက်ထပ်လိုက်ရင် အသက်ကွာတာက ဘယ်လိုပဲ ဖြစ်ဖြစ် ချပြရမှာပဲဆိုပြီး .. ဒါကြောင့်ကျွန်တော်က မင်္ဂလာ မဆောင်ခင်မှာ အားလုံးသိအောင် အခုလို ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။”  

Google 
Google 

တောင်ကိုရီးယားဝါရင့်မင်းသားကြီး Choi Sung Kook က ၁၉၇၀ ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် သူ့ရဲ့အသက်က၅၂ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ Choi Sung Kook က ဇာတ်ကားများစွာထဲမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ ပွဲဦးထွက်လာတဲ့သူဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။