တောင်ကိုရီးယား မင်းသမီး ရှင်မင်းအာနဲ့ ကင်ဝူဘင်းတို့ဟာဆိုရင် ပြင်သစ်နိုင်ငံ ပါရီမြို့မှာချိုမြိန်စွာ ချိန်းတွေ့ခဲ့ကြပါတယ်။ ဒီအကြောင်းအရာကို စက်တင်ဘာလ ၁၆ ရက်နေ့က တရုတ်ပြည်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။ ပြန့်နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာ ရှင်မင်းအာနဲ့ကင်ဝူဘင်းတို့က ပါရီမြို့ရဲ့ လမ်းမထက်မှာသာယာပျော်ရွှင်စွာ လျှောက်သွားနေကြတာဖြစ်ပါတယ်။ 

Google 

ကင်ဝူဘင်းနဲ့ရှင်မင်းအာတို့က ပါရီမြို့မှာ ရိုးရိုးသာမန်ဝတ်စုံလေးဝတ်ပြီး သူတို့ရဲ့ အချိန်တွေကို ပျော်ပျော်ကြီးဖြတ်သန်းနေကြတာဖြစ်ပါတယ်။ ကင်ဝူဘင်းက မီးခိုးရောင်ဝတ်စုံကိုဝတ်ထားပြီး ရှင်မင်းအာကတော့ အဝါရောင်အပေါ်ထပ်နဲ့ မျက်နှာလေးကို ဦးထုပ်နဲ့ နည်းနည်း အုပ်ထားပါတယ်။ 

Google 
Google 

သူတို့နှစ်ဦးက ချစ်ဖို့ကောင်းတဲ့ စုံတွဲလေးဖြစ်တာကြောင့် တွေ့မြင်မိတဲ့သူတွေ အားလုံးကို ကြည်နူးစိတ်လေး ဖြစ်သွားစေခဲ့ပါတယ်။ သူတို့နှစ်ဦးက ကော်ဖီဆိုင်မှာ ဘေးချင်းကပ်လေး နီးကပ်စွာထိုင်နေပြီး ဖုန်းလေးကို အတူတူကြည့်နေကြတာဖြစ်ပါတယ်။ ကင်ဝူဘင်းရဲ့ မျက်လုံးတွေက ရှင်မင်းအာကို သဘောကျနှစ်သတ်တဲ့ ပုံစံ ဖြစ်နေပြီးတစ်စိမ့်စိမ့်ကြည့်နေတာကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေကြပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသမီး ရှင်မင်းအာနဲ့ ကင်ဝူဘင်းတို့က တွဲနေတာ ၈ နှစ်ကြာသွားပြီဖြစ်တဲ့ တောင်ကိုရီးယားသက်တမ်းရှည် အနုပညာရှင်စုံတွဲဖြစ်ပါတယ်။

Google 
Google 
Google 
Google 

 သူတို့နှစ်ဦးက တွဲနေကြပြီဆိုတဲ့အကြောင်းကို ၂၀၁၅ ခုနှစ်ဇူလိုင်လမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား ကင်ဝူဘင်းက ကင်ဆာရောဂါ ခံစားနေရတဲ့သူဖြစ်ပြီး မကြာသေးမီကမှ နေကောင်းကျန်းမာထားတာဖြစ်ပါတယ်။

Google 
Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။