ပရဟိတမင်းသမီးခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က စွန့်ပစ်ခံရတဲ့ ကလေးသူငယ်လေးတွေကို မိဘအရင်းအလား တာဝန်ယူ စောင့်ရှောက်ပေးနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိဘက စွန့်ပစ်လို့ သူမဆီကိုရောက်လာတဲ့ ကလေးငယ်လေးတွေဟာဆိုရင် သူတို့ အကြောင်းနဲ့သူတို့ စိတ်မကောင်းစရာ ဖြစ်ရပ်လေးတွေ ရှိနေပါတယ်။ 

Khine Hnin Wai’s Facebook 

အခုတစ်ခေါက်မှာလည်း ပရဟိတမင်းသမီး ခိုင်နှင်းဝေက တက္ကစီပေါ်ကနေ ကားတံခါးဖွင့်ပြီး ကားလမ်းမဘေးကိုစွန့်ပစ်ခံလိုက်ရတဲ့ သမီးလေးကို ခေါ်ယူမွေးစားခဲ့တဲ့အကြောင်းကို အခုလိုလေး ပြောပြလာခဲ့ပါတယ်။ 

Khine Hnin Wai’s Facebook 

“Taxi ကားပေါ်ကနေ တံခါးဖွင့်ပြီး ကားလမ်းဘေးမှာ စွန့်ပစ်သွားတဲ့ သမီးလေး..ကားလမ်းပေါ်မှာ ကားမကြိတ်ခံရတာပဲ ကံကောင်းလှပါပြီ..လက်မှာလဲ အပ်တန်းလန်းနဲ့မို့ ဆေးရုံက ခိုးဆင်းလာပုံလဲ ရပါတယ်..ဂေဟာမှာ သမီးလေးကို လက်ခံပြီး လိုအပ်တဲ့ ဆေးစစ်မှုများပြုလုပ်ထားပါတယ်ရှင်..”

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

သမီးလေးကို ကားလမ်းမဘေးမှာ စွန့်ပစ်ခဲ့တာကြောင့် ကားကြိတ်မခံခဲ့ရတာတောင် တော်တော် လေး ကံကောင်းလွန်းလှနေပါပြီနော်။  

Khine Hnin Wai’s Facebook 

ဒါ့အပြင် ချက်ကြိုးကလည်း တန်းလန်းဖြစ်နေတာကြောင့် ဆေးရုံကနေ ခိုးဆင်းလာတဲ့ ပုံစံမျိုးလေး ဖြစ်နေပါတယ်။ အန္တရာယ်ကြားထဲမှာ အသက်ရှင်လျက်တွေ့ရှိခဲ့ရတဲ့ သမီးလေးကို ပရဟိတမင်းသမီးခိုင်နှင်းဝေက ခေါ်ယူမွေးစားသွားမယ်လို့ သိရပြီး လိုအပ်တဲ့ ဆေးစစ်မှုများကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။