တောင်ကိုရီးယားမင်းသား Sung Jun ဟာဆိုရင် စက်တင်ဘာလ ၁၂ ရက်နေ့က မင်္ဂလာပွဲ ကျင်းပပြုလုပ်လိုက်ပြီဖြစ်ကြောင်းကို သတင်းဌာနတစ်ခုက ကြေညာပေးခဲ့ပါတယ်။

Google 

 Sung Jun ရဲ့ မိန်းမက အင်တာတိန်းမန့်နယ်ပယ်ကမဟုတ်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Sung Jun က မင်္ဂလာပွဲကို မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့သာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ မင်းသား Sung Jun ရဲ့ ဇနီးဖြစ်သူကအနုပညာလောကက မဟုတ်တာကြောင့် မည်သူ မည်ဝါ ဖြစ်တယ်ဆိုတာကို Sung Jun က ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။ 

Google 

Sung Jun က ဇနီးဖြစ်သူနဲ့လက်မထပ်ခင်မှာ တောင်ကိုရီယားမင်းသမီး (National first love) Suzy နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Suzy ရဲ့ အေဂျင်စီဖြစ်တဲ့ JYP Entertainment က နှစ်ဦးသားက လုပ်ဖော်ကိုင်ဖက်တွေဖြစ်ပြီး ရင်းနှီးတဲ့ သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ဆိုကာ ချိန်းတွေ့နေတဲ့ကောလာဟလကို ငြင်းဆန်ခဲ့ပါတယ်။ 

Google 
Google 

တောင်ကိုရီးယားမင်းသား Sung Jun က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စစ်မှုထမ်းဆောင်ခဲ့ပြီး ရုတ်တရက် အနုပညာလောက ကနေ ပျောက်ကွယ်သွားပါတယ်။ စစ်မှုထမ်းကာလ အပြီးမှာ Sung Jun က လက်ထပ်ပြီးခဲ့ပြီး ကလေးရနေပြီဆိုတဲ့ သတင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ခဲ့ပါတယ်။ 

Google 
Google 
Google 

မိန်းမရပြီး ကလေးရှိနေပြီဆိုတဲ့သတင်းကို မင်းသား Sung Jun က ငြင်းဆန်ခဲ့ခြင်းမရှိခဲ့ပါဘူး။

Google 
Google 

 Sung Jun က ဇနီးဖြစ်သူနဲ့ နှစ်ဦးသဘောတူ လက်ထပ်ထားတာ ကြာခဲ့ပြီဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် မင်္ဂလာပွဲ မလုပ်ခဲ့ရဘဲအခုမှ ကျင်းပပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။