သရုပ်ဆောင်သက်မွန်မြင့်ဟာဆိုရင် မြန်မာအနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိထားတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သက်မွ န်မြင့်က နှစ်ထပ်ကွမ်း အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်သလို မြန်မာ့ စတုထ္ထမြောက် ဈေးအမြင့်ဆုံး သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ 

Thet Mon Myint’s Facebook

သက်မွ န်မြင့်က လက်ရှိမှာ အနုပညာ အလုပ်တွေအားလုံးကို ရပ်နားထားပြီး ပရိသတ်တွေနဲ့လည်း အဆက်အသွယ်ပျက်နေတာဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်အသွယ်ပျက်နေပြီး အနုပညာ အလုပ်တွေ ရပ်နားထားရတဲ့အပေါ် သက်မွ န်မြင့်ကသူမရဲ့ရင်တွင်းခံစားချက်လေးကို အခုလိုမျိုး ပြောလာခဲ့ပါတယ်။

Thet Mon Myint’s Facebook
Thet Mon Myint’s Facebook

“ကျွန်မတွေးခဲ့တာ အသက် ၄၀ လောက်ဆို နားမယ်ပေါ့.. နားမယ်ဆိုတာ အသက်မွေးဝမ်းကျောင်း အနေနဲ့ နားမယ်ပြောတာပါ.. လုံးဝ မစွန့်လွှတ်နိုင်တာမို့ တချို့ အရမ်း သဘောကျတဲ့ ဇာတ်တို့ ရိုက်သင့်တဲ့ ဇာတ်တို့လောက်ပဲ ရိုက်ပြီး ကလေးတွေကို အချိန်ပေးမယ် ပျိုးထောင်မယ် ကိုယ်ဝါသနာပါတာလေးတွေ လုပ်ရင်း ဘာသာရေးလေးလုပ်ရင်း ဘဝကို အေးဆေးဖြတ်သန်းတော့မယ်ပေါ့… 

ခုတော့ နားရတာမှ ဆက်လုပ်လို့ကို မရတော့တာ… ?

ပထမ ကိုဗစ်

ဒုတိယ ကိုယ့် SLE Lupas ရောဂါ

တတိယ တိုင်းပြည်ခြေနေ 

နားရတာမှလေ ……

တကယ်ပါပဲ

ကိုယ်နားချင်တာ ဒီလိုမျိုးမဟုတ်ဘူး?

ပရိတ်သတ်တွေနဲ့ပါ အဆက်သွယ်ပြတ်နေရပြီ?” 

Thet Mon Myint’s Facebook

သရုပ်ဆောင် သက်မွန်မြင့်က ကိုဗစ်ရယ်၊ SLE Lupas ရောဂါကြောင့်ရယ် ၊ တိုင်းပြည်အခြေအနေတွေရယ်ကြောင့်ရယ် အနုပညာ လောကကနေ အနားယူခဲ့တာ အခုဆိုရင် အချိန်အတိုင်း အတာ တစ်ခုကိုတောင် ကျော်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။

Thet Mon Myint’s Facebook

ပရိသတ်တွေကလည်း သူတို့ချစ်ရတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကိုများစွာ လွမ်းဆွတ် သတိရနေပြီး သူမကိုထပ်ပြီး မြင်တွေ့ရဖို့အတွက် မျှော်လင့်နေကြတာဖြစ်ပါတယ်။ ပြည်သူချစ်မင်းသမီးသက်မွန် မြင့်ရဲ့ လက်ရှိ အခြေအနေလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။