တောင်ကိုရီးယားပြဇာတ် မင်းသမီး Choi Sung Hee နဲ့ ခင်ပွန်းဖြစ်သူ Kim Yoon Suk တို့ဟာ ၂၀၁၆ ခုနှစ်ကတည်းက အဖြေရှာမရဘဲ ပျောက်ဆုံးနေတဲ့ စုံတွဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက၂၀၁၅ ခုနှစ်မှာ လက်ထက်ခဲ့ကြတာဖြစ်ပြီး လက်ထပ်ပြီးနောက် ၆ လအကြာမှာအလောင်းရှာမရဘဲ ပဟေဠိဆန်စွာ ပျောက်ဆုံးခဲ့ကြတာဖြစ်ပါတယ်။ 

Google 

နှစ်ဦးသားက ပျောက်ဆုံးခဲ့စဉ်က ခြေရာလက်ရာ မပျက်ဘဲ အိမ်မွေးခွေးကအစ ဒီ အတိုင်းရှိနေခဲ့တာဖြစ်ပါတယ်။မင်းသမီး Choi စျေးဝယ်ထွက်ပြီး စားပွဲပေါ်မှာတင်ထားတဲ့ အိတ်ကလေးတွေက အစ ခြေရာလက်ရာမပျက်ဘဲ ရှိနေတာကြောင့် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပါတယ် ။ 

Google 
Google 

၂၀၁၆ ခုနှစ် ၊ မေလ ၃၁ ရက်နေ့မှာ မင်းသမီးရဲ့ ယောက္ခထီးကြီးက သားဖြစ်သူ Kim Yoon Suk နဲ့ အဆက်အသွယ်မရခဲ့တာကြောင့် ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Kim Yoon Suk ဟာစားသောက်ဆိုင်ပိုင်ရှင်ဖြစ်ပြီး ဖခင်ဖြစ်သူ အဆက်အသွယ်မလုပ်ခင် ၂၀၁၆ခုနှစ် မေလ ၂၈ ရက်နေ့ နောက်ပိုင်းကစပြီး စားသောက်ဆိုကို ရောက်ရှိမလာခဲ့ဘူးလို့ ဝန်ထမ်းတွေက ဆိုပါတယ်။ 

Google 

စီစီတီဗီမှတ်တမ်းတွေအရ မင်းသမီး Choi က ၂၀၁၆ ခုနှစ် မေလ ၂၇ ရက်နေ့ ည (၁၁:၃၀) အချိန်မှာ ကုန်စုံဆိုင်မှ နေအိမ်ကို ပြန်ရောက်ခဲ့ပါတယ်။ 

အဲဒီ အချိန်ကစပြီး Choi ကို နေအိမ်ထဲကနေ ထွက်သွားတာ မတွေ့ရတော့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။ 

Google 

၂၀၁၆ ခုနှစ် မေလ ၂၈ ရက်နေ့ နံနက်အစောပိုင်း (၃:၄၅) နာရီအချိန်မှာ မင်းသမီးရဲ့ ခင်ပွန်းဖြစ်သူ Kim Yoon Suk ကိုသူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူ Kim Yoon Suk နေအိမ်ထဲ ဝင်သွားပြီးနောက်မှာလည်း ပြန်ထွက်လာတာကို မတွေ့ခဲ့ကြပါဘူး။ 

Google 

လင်မယားနှစ်ဦးက နေအိမ်ထဲမှာ ရှိနေစဉ်မှာပဲ ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး နှစ်ဦးသား ပြန်ထွက်လာတာကိုလည်း ဘယ်သူကမှ မတွေ့ခဲ့ကြပါဘူး။  

Google 

သူတို့နှစ်ဦးက အကြွေးအရှုပ်အရှင်းတွေ အရမ်းကင်းကြပြီး လူချစ်လူခင်ပေါများတဲ့ စုံတွဲဖြစ်တာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတာမျိုးလည်း မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ အိမ်ထဲမှာနေရင်း ပဟေဠိဆန်ဆန် ပျောက်ဆုံးသွားခဲ့ရတဲ့ တောင်ကိုရီးယားပြဇာတ် မင်းသမီး Choi Sung Hee နဲ့ခင်ပွန်းဖြစ်သူ Kim Yoon Suk တို့ရဲ့ အမှုဟာလက်ရှိအချိန်အထိ မပြီးပျက်သေးဘဲ စုံစမ်းရှာဖွေနေဆဲမှာပဲ ရှိသေးတယ်လို့သိရပါတယ်။ 

Google 

အလောင်းတွေကိုလည်း ဘယ်နေရာမှာမှ ရှာမတွေ့တာကြောင့် လက်ရှိအချိန်အထိပျောက်ဆုံးအမှုအဖြစ်သာ သတ်မှတ်ထားကြပါတယ်။ တောင်ကိုရီးယားပြဇာတ် မင်းသမီး Choi Sung Hee နဲ့ခင်ပွန်းဖြစ်သူ Kim Yoon Suk တို့ ပျောက်ဆုံးနေခဲ့တာ အခုအချိန်မှာဆိုရင် ၆ နှစ်တင်းတင်းတောင် ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။